Connect with us

Hi, what are you looking for?

သတင်း

နွေဦး​တော်လှန်​ရေး ​အောင်ပွဲခံသီးချင်းဖြစ်လာတဲ့ဘရူနိုမားစ်ရဲ့ Bonde Do Brunão

ဘရူနိုမားစ်ရဲ့ Bonde Do Brunão သီချင်းနဲ့ အကဟာ က ​လင်းလင်းရဲ့ “ရောင်နီ” သီချင်းနဲ့ အပြိုင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေရဲ့ ​အောင်ပွဲခံသီချင်းဖြစ်လာ​နေပါတယ်။

ဘရူနိုမားစ်ရဲ့ Bonde Do Brunão သီချင်းနဲ့ အကဟာ က ​လင်းလင်းရဲ့ “ရောင်နီ” သီချင်းနဲ့ အပြိုင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေရဲ့ ​အောင်ပွဲခံသီချင်းဖြစ်လာ​နေပါတယ်။

​အောက်က ရုပ်သံဖိုင်က​တော့ ဘရူနိုမာစ်ရဲ့Bonde Do Brunão သီးချင်းနဲ့အတူ​အောင်ပွဲခံ​နေတဲ့ ​တော်လှန်​ရေးရဲ​ဘော်​တွေဖြစ်ပါတယ် ။KIA ၊ ABSDF နဲ့ KPDF ပူး​ပေါင်းတပ်​​တွေဟာ မံစီမြို့နယ်မှာ​နောက်ဆုံးကျန်တဲ့ ခမရ (၆၀၁) ၊ခမရ (၃၁၉) နဲ့ အ​မြောက်တပ် ( ၃၅၂)တို့ကို ဇန်နဝါရီလ ၈ ရက်​နေ့မှာအပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။ ​တော်လှန်​ရေးရဲ​ဘော်​တွေက တပ်ရင်းသုံးရင်းကိုသိမ်းပြီး​တော့ ခမရ (၆၀၁) တပ်ရင်းမှူးရဲ့အိမ်ရှေ့မှာBonde Do Brunão နဲ့ကခုန်ပြီး​အောင်ပွဲခံ​နေကြတာဖြစ်ပါတယ် ။ ဒီရုပ်သံမှတ်တမ်းကို ရဲ​ဘော်တဦးနဲ့ ကချင်​တောင်တန်းတယ်လီဂရန် ချန်နယ်လ်က ဇန်နဝါရီ ၁၀ ရက်​နေ့မှာတင်ခဲ့တာပါ။

၂၀၂၄ ခုနှစ်မှာ လူမှုကွန်ယက်မှာ ​ရေပန်းစားလှတဲ့ Bonde Do Brunão သီးချင်းနဲ့ ပထမဆုံးမြို့သိမ်း​အောင်ပွဲခံတာက ​ဖေစ်ဘွခ်ဆယ်လီလည်းဖြစ် ၊​ဒေါက်တာလည်းဖြစ်တဲ့ အငြိမ်း နဲ့ မင်းတပ် CDF ကရဲ​ဘော်​တွေဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

ချင်းညီ​နောင်က မင်းတပ်မြို့သိမ်းတိုက်ပွဲ​အောင်ပွဲရအပြီးမှာ ​တော်လှန်​ရေးရဲ​ဘော်​တွေနဲ့ ​ဒေါက်တာအငြိမ်း တို့ က မင်းတပ်မြို့က စစ်တပ်အထိုင်ချခဲ့တဲ့ ခလရ (၂၇၄) ၊ ရဲစခန်း ၊​ဆေးရုံ ၊ဗဟိုကင်း စတဲ့​နေရာ​တွေ​ရှေ့မှာ ဘရူနိုမာစ်ရဲ့ ဒီသီချင်းနဲ့ပထမဆုံးအောင်ပွဲခံကခုန်​နေတဲ့ရုပ်သံဖိုင်​ကို ဒီဇင်ဘာ ၂၂ ရက်ညမှာ လူမှုကွန်ယက်မှာစတင်ခဲ့ကြပါတယ် ။ အဆိုပါရုပ်သံဖိုင်ဟာလည်းဖေစ်ဘွခ်လူမှုကွန်ယက်မှာလူကြိုက်များ​ခဲ့ပါတယ် ။ ​

နှစ်ပါတ်​ကျော်ကြာတဲ့အခါ ကချင်ပြည်နယ် မံစီမြို့သိမ်းတိုက်ပွဲမှာ ရဲ​ဘော်​တွေက Bonde Do Brunão နဲ့ ​ထပ်မံ​အောင်ပွဲခံကြတာဖြစ်ပါတယ် ။

​နွေဦး​တော်လှန်​ရေးမှာ လင်းလင်း ရဲ့ ​”ရောင်နီ” သီချင်းဟာ ​တော်လှန်​ရေးတပ်​တွေ ရဲ့စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲ​တွေမှာ ဒီ​နောက်ပိုင်း ​အောင်ပွဲခံသီချင်း ၊စိတ်ဓါတ်တက်ကြွစရာသီချင်းဖြစ်ခဲ့ပါတယ် ။အခုအခါမှာ​တော့ ကမ္ဘာ​ကျော် ဘရူနိုမားစ်ရဲ့ Bonde Do Brunãoသီးချင်းပါထပ်တိုးလာတာပါ ။

စာသား​ရော ၊သံစဥ်​ရော ခွန်အား​တွေ​ပေးတာမို့ နာမည်ကြီးတဲ့ ​”ရောင်နီ ” တေးသီးချင်း သီဆိုဖန်တီးသူ လင်းလင်းက ​တော်လှန်​ရေးရဲ​ဘော်တွေ ၊ပြည်သူ​တွေ “​ရောင်နီ” သီချင်းကြိုက်နှစ်သက်ကြတဲ့အတွက် ဂုဏ်ယူတယ်လို့ လူထု​နွေဦးနဲ့ သီးသန့်အင်တာဗျူးမှာ​ပြောကြားထားပါတယ်။

​နွေဦး​တော်လှန်​ရေးအ​စောပိုင်းမှာ ကရင်ပြည်နယ် မှာ​ကော်ဘရာစစ်​ကြောင်း လက်စွမ်းပြခဲ့တဲ့တိုက်ပွဲ​တွေနဲ့အတူ ​တေးဆို နီလာလွင်(မန္တ​လေး) သီဆိုတဲ့ “​ရေစက်ချလို့ပြီးပါပြီ” သီးချင်းက ​တော်လှန်​ရေးတပ်​တွေရဲ့စခန်းသိမ်းတိုက်ပွဲ ရုပ်သံ​တွေမှာအသုံးပြုတဲ့သီချင်းအဖြစ်​ရေပန်းစားခဲ့ပါ​သေးတယ်။

ရုပ်သံ-မင်းထက် FB

ဆက်စပ်သတင်းများ