Connect with us

Hi, what are you looking for?

သတင်း

ရုရှားဆီက SU-30 SME တိုက်လေယာဉ် ၂ စီး စစ်ကောင်စီ ထပ်မံရရှိထား

မြန်မာ စစ်ကောင်စီရဲ့ လေတပ်ဟာ ရုရှားနိုင်ငံလုပ် SU-30 SME တိုက်လေယာဉ် အသစ် ၆ စီးကိုဝယ်ယူထားတာမှ ပြီးခဲ့တဲ့ဒီဇင်ဘာ လမှာ ​နောက်ဆုံး ၂ စီးကိုထပ်မံလက်ခံ ရရှိထားကြောင်း သိရပါတယ်။

ရုရှားထုတ် SU 30 SME တိုက်​လေယာဥ်တစ်စီး။ ဓါတ်ပုံ-Eurasian Times

မြန်မာ စစ်ကောင်စီရဲ့ လေတပ်ဟာ ရုရှားနိုင်ငံလုပ် SU-30 SME တိုက်လေယာဉ် အသစ် ၆ စီးကိုဝယ်ယူထားတာမှ ပြီးခဲ့တဲ့ဒီဇင်ဘာ လမှာ ​နောက်ဆုံး ၂ စီးကိုထပ်မံလက်ခံ ရရှိထားကြောင်း သိရပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ဒေါ်လာ သန်း ၄၀၀ တန် အရောင်းအဝယ် သဘောတူညီမှု စာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် အဲဒီ နည်းပညာမြင့် တိုက်လေယာဉ်တွေကို မြန်မာ စစ်တပ်က လက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ်။ပထမဆုံး​လေယာဥ် ၂ စီးကို ၂၀၂၃ ခုနှစ်ထဲမှာ လက်ခံရရှိခဲ့တာပါ။

နိုင်ငံအနှံ့မှာ တော်လှန်ရေး တပ်တွေရဲ့ ထိန်းချုပ် နယ်မြေတွေ ဆက်တိုက် ကျယ်ပြန့်လာနေပြီး စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့သာ အဓိကထား တုံ့ပြန်နေတဲ့ အခြေအနေမှာ အခုလိုမျိုး တိုက်လေယာဉ် အသစ်တွေ ပိုင်ဆိုင်လာခဲ့တာပါ။

ရုရှားဆီက ရယူထားတဲ့ ချေးငွေ အစီအစဉ်နဲ့ပဲ ပြန်လည် ဝယ်ယူထားတဲ့ ရုရှား တိုက်လေယာဉ်တွေဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က မြန်မာလေတပ်မှာ စတင်စာရင်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်လေယာဉ်တွေဟာ တော်လှန်

Public Service Announcement

Public Service Announcement

ရေး အားကောင်းတဲ့ နယ်မြေတွေမှာ အရပ်သား ပစ်မှတ်တွေပါ မချန်ဘဲ တိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့ လေကြောင်း စစ်ဆင်ရေး ကဏ္ဍကို ပိုမို အားဖြည့်ပေးလာဖွယ် ရှိနေပါတယ်။

SU-30 SMEတွေဟာ အသံထက် ၂ ဆမြန်အောင် ပျံသန်းနိုင်ပြီး စစ်ဆင်ရေး အကွာအဝေး ကီလိုမီတာ ၃၀၀၀ ထိ ခရီးဆန့်နိုင်တာကြောင့် တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း အားလုံးဆီ လက်လှမ်းမီနိုင်ပါတယ်။

နောက်ပြီး တရုတ်ဆီကနေ ဝယ်ယူထားပြီး နည်းပညာပိုင်း ပြဿနာတွေကြောင့် အသုံးမတည့်ဘဲ ဖြစ်နေတဲ့ JF-17 တိုက်လေယာဉ်တွေရဲ့ နေရာမှာ SU-30 SMEတွေက ထိရောက်တဲ့ အဆင့်မြှင့်တင်မှုတွေ ဖြစ်လာနိုင်ပါတယ်။

စစ်ကောင်စီ လေတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို သိသိသာသာ အရှိန်မြှင့်တင်လာရာမှာ ရုရှားလုပ် Mi-17 ရဟတ်ယာဉ်တွေ၊ တရုတ်ရဲ့ FTC-2000G ဂျက်တိုက်လေယာဉ်တွေက အရေးပါတဲ့ စစ်လက်နက်တွေ ဖြစ်လာခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်ရေးစွမ်းရည် တစ်ဖက်သတ် အသာစီး ရနေခြင်းက စစ်မြေပြင် အသီးသီးမှာ စစ်ကောင်စီရဲ့ အရေးနိမ့်နေမှုတွေကို အလုံးစုံ ဟန့်တားပေးနိုင်စွမ်း​တော့ မရှိတော့ပါဘူး။

လေကြောင်း တိုက်ခိုက်မှုတွေကို လွန်လွန်ကဲကဲ မှီခိုနေရတဲ့ စစ်ကောင်စီဟာ Y-12လိုမျိုး တိုက်ခိုက်ရေး ကဏ္ဍအတွက် တည်ဆောက်ထားတာ မဟုတ်တဲ့ ဘက်စုံသုံး လေယာဉ်တွေကနေ ဗုံးတွေ ပစ်ချတဲ့ နည်းလမ်းမျိုးတွေကိုပါ အသုံးပြုနေပါတယ်။ ၂၀၂၅ ခုနှစ်ထဲမှာလည်း စစ်ကောင်စီဟာ တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်တွေကို တန်ပြန်ရာမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်အားတွေကို အဓိက မှီခိုထားဖွယ် ရှိနေဆဲပါ။

မြန်မာစစ်တပ်ဟာ JF-17တွေရဲ့ ပြဿနာ ကြုံနေရရုံသာ မကဘဲ ပိုင်ဆိုင်ထားတဲ့ လေယာဉ် တော်တော်များများ အိုဟောင်းနေတဲ့ အခြေအနေကြောင့်လည်း ရုန်းကန်နေရပါတယ်။ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ကျယ်ပြန့်လာတဲ့ တိုက်ပွဲ​တွေမှာ စစ်တပ်ရော၊ တော်လှန်ရေး အင်အားစုပါ ဒရုန်းတွေကို သိသိသာသာ တိုးချဲ့ သုံးစွဲလာနေတယ်လို့လည်း သိရပါတယ်။

စစ်​ကောင်စီ၏ ​လေ​ကြောင်းမှတိုက်ခိုက်မှု​ကြောင့်ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ခြောက်လကျော်အတွင်း နိုင်ငံတဝန်း အရပ်သား ၆၃၃ ဦး သေဆုံးခဲ့ပြီး​တော့ တစ်လကို ပြည်သူ၁၀၀ ​ကျော် ​သေဆုံးခဲ့တယ်လို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ် ။

ကိုးကား-Eurasian Times

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

ဂျုံတွေ တင်လာတဲ့ ကုန်တင်သင်္ဘောကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း ယူကရိန်း ရေတပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အနှံ့မှာ ရုရှားက ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

သတင်း

ရုရှားရဲ့ အကြီးမားဆုံး အွန်လိုင်း လက်လီ ရောင်းချမှု လုပ်ငန်းစုကြီး တစ်ခုရဲ့ ကုန်လှောင်ရုံတွေက ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။