Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ဖြင့် အရှင်ဖမ်းမိ မြင်းခြံခရိုင်တပ်ရင်း(၃) ပြော

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်သားတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် လက်နက်ခဲယမ်းများကို တွေ့ရစဥ်။ဓာတ်ပုံ - တပ်ရင်း ၃

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်သားတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၄ ရက်)နံနက် ၂ နာရီခွဲခန့်က တောင်သာမြို့ သံမဏိစက်ရုံမှ အင်အား ၅၀ကျော်ဖြင့် ခြုံကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာစဥ် ‌နေမကောင်း၍ အနားယူနေသော တပ်ရင်း(၃)မှ ရဲဘော်တစ်ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှ လူကွဲမျက်စိလည်ကျန်ရစ်သည့် တပ်သားဥက္ကာဖြိုးအား လက်ရအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဟု တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ဥက္ကာဖြိုးထံမှ G-3 တစ်လက်၊ ကျည် ၂၅၀ တောင့်၊ ကျည်ဘောက်လေးခု၊ ၆၀ မမ ထိပ် ဖူးတစ်ခုအပါအဝင် စစ်ဝတ်တန်ဆာအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ရင်း(၃)မှ အသိပေးသည်။

“(ကယ်ဆယ်)မထုတ်နိုင်ဘူး။ အသတ်ခံလိုက်ရတယ်ဗျ”ဟု စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် တော်လှန်ရေးရဲဘော်တစ်ဦးနှင့်စပ်လျဥ်းပြီး တပ်ရင်း(၃)မှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီသည် ၎င်းတို့စစ်ကြောင်းလိုက်လံတိုက်ခိုက်ခံရသည့် ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီခန့်တွင် တောင်သာမြို့နယ် ရုံးစဥ်လေးကျေးရွာပေါ်သို့ လူလိုက်ပါသည့် စက်တပ်လေထီး ၃စီးဖြင့် ဗုံးသီး (၈)လုံး ကြဲချခဲ့ရာ စာသင်ကျောင်း အုတ်တံတိုင်းကျိုးပဲ့ပျက်စီး၍ နွားတစ်ကောင် ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)မှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၃ ရက်ကလည်း တောင်သာမြို့ အထက-၁ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ အင်အား ၂၅ခန့်ကို ကျောင်းသား၊ကျောင်းသူများအား ဘေးလွတ်ရာရွှေ့ပြီးနောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၍ MA 3 သေနတ်တစ်လက်ရရှိခဲ့ကြောင်း ဖော် ပြသည်။

ထို့အပြင် မြို့ပေါ်ရှိ အင်းဝဘဏ်စောင့် စစ်ကောင်စီတပ်သားနှစ်ဦးအပါအဝင် ပျူစောထီးခေါင်းဆောင်မိုးဝင်၏ ဆိုင်ကယ်ပြင်ဆိုင်၊ ဇဂျမ်းစစ်ကောင်စီဂိတ်စသည့် ၃ နေရာအား ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုငိး၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ ဆက်တိုက်မီးရှို့ နေကာ မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်တပ် စခန်းတစ်ခုတိုက်ခိုက်ပြီး စစ်ကူလာတဲ့ ကားနှစ်စီး မိုင်းထိတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ သီတာယုမွန်ရဲ့ ပျူစောထီးတွေက အသက်မပြည့်‌‌ သေးသူနဲ့သက်ကြီးရွယ်အို တွေအပါအဝင် အမျိုးသမီး၆ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်ကနေတောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်​​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးတပ်​တွေတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသတွင်း​​စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။