Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းတပ်အရှို တိုက်ပွဲဖြစ်၊ ၁၂ဦး ဖမ်းမိဟု ချင်းတပ်အရှို ပြော၊ လက်နက်ခဲယမ်းများလည်း သိမ်းရ

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၂ဦး ထပ်မံဖမ်းဆီးရမိပြီး တိုက်ပွဲများအတွင်း ငါးဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တပ်ဖွဲ့တာဝန်ခံ ဆလိုင်းဒါဝိဒ်က လူထုနွေဦးသို့ ပြောသည်။

သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CDF - Asho

နေ့သစ်/People’s Spring

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၂ဦး ထပ်မံဖမ်းဆီးရမိပြီး တိုက်ပွဲများအတွင်း ငါးဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တပ်ဖွဲ့တာဝန်ခံ ဆလိုင်းဒါဝိဒ်က လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၃ရက်နှင့် ဇန်နဝါရီ ၁၄ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများသတင်းကို ချင်းကာကွယ်ရေးတပ် – အရှို(CDF – Asho) သတင်းနှင့်ပြန်ကြားရေးဌာန စစ်ရေးမှတ်တမ်းဌာနက ယနေ့ (ဇန်နဝါရီ ၁၆ရက်)ညတွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၃ရက်က အမ်းမြို့နယ်၊ ကြက်ရေစမ်းရွာအနီးစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအား ငဖဲမြို့နယ် ဂုတ်စည်းရိုးကျေးရွာအနီးတွင် CDF – Ashoက တားဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

အသာတကြည် လက်နက်မချသည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ဖြင့် ဖမ်းမိပြီး ဆေးကုသမှုပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၃ရက်က အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားအင်အား ၁၀၀ခန့်ကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး ကပစ – ၁၄နှင့် မီတာ၂၀၀၀ ခန့်အကွာတွင် တားဆီးခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး ထပ်မံ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲအပြီး ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်သား ရှစ်ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် ၁၅လက်၊ စိန်ပြောင်းတစ်လက်နှင့်ခဲယမ်းများ စစ်အသုံးအဆောင် ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟု CDF – Ashoက ထုတ်ပြန်ထားသည်။

“၁၂ ဦးက အသက်ရှင်လျက် ဖမ်းမိထားပါတယ်။ (၂ ရက်ပေါင်း)၅ ဦးကတော့ သေဆုံးပါ။ သေဆုံး ၅ ဦးမှာ ၂ဦးက ဆေးကုသပေးရင်း သေဆုံးသွားတာပါ”ဟု CDF-Asho ၏ တပ်ဖွဲ့တာဝန်ခံ ဆလိုင်းဒါဝိဒ်က ရှင်းပြသည်။

လက်ရှိတွင်း လက်ရဖမ်းမိထားသည့် စစ်ကောင်စီတပ်သား သုံ့ပန်း ၁၂ ဦးကို နိုင်ငံတ ကာစစ်ဥပဒေများအတိုင်း စည်းမျဥ်းစည်း ကမ်းနှင့်အညီ ထိန်းသိမ်းထားရှိကြောင်း ၎င်းကဆက် ပြောသည်။

“အင်အားများတဲ့ စစ်ကြောင်းတွေ ဆိုပေမယ့် ထွက်ပြေးတာ ဘာလို့လဲဆိုတော့ ရက္ခိုင်ပြည်မှာ တိုင်းစစ်ဌာနချုပ် ကျပြီးပြီဖြစ်တဲ့အတွက် သူတို့ရဲ့ စစ်သုံ့ပမ်းတွေရဲ့ ဖြေကြားချက်အရက ဒီတပ်မှူးတွေ တိုင်းစစ်ဌာနချုပ်မရှိတော့တဲ့အတွက် တခြားသော တိုင်းစစ်ဌာနချုပ်ကနေ ကွပ်ကဲရတဲ့ ပုံစံမျိုးလို့ သူတို့ ဖြေကြားတာရတယ်။ ဇွတ်ကြီးတွေတက်ခိုင်းတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဟိုဘက်မှာ ရှုံးနေတာကို သိလျက်သားနဲ့ ဇွတ်တက် မရမက ကာနေ အသေခံပြီးတော့ ပစ်နေဆိုတဲ့ ပုံစံမျိုး မခံနိုင်ကြတဲ့အတွက်ကြောင့် တပ်ရင်းအလိုက် စခန်းအလိုက် ဒါမှမဟုတ် တောထဲရောက်မှ တပ်တွေ ပြန်ပေါင်းပြီး စုလာကြ ဒီလိုမျိုး ပြေးလာကြတာဆိုပြီး သူတို့ ဖြေဆိုမှုတွေအရ သိရတာဖြစ်ပါတယ်”ဟု CDF အရှို တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

CDFအရှို၏ ထုတ်ပြန်ချက်များအရ ဇန်နဝါရီ ၁၃ရက်နှင့် ၁၄ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၂ဦး၊ ဇန်နဝါရီ ၃ရက်နှင့် ၄ရက် တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၁ဦး၊ ဒီဇင်ဘာ ၂၅ရက်မှ ၂၇ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး ဖမ်းမိခဲ့သည်ဟုဆိုသည်။ သုံးပတ်ခန့်အတွင်း စစ်သုံ့ပန်း ၄၀ဦးထက်မနည်းဖမ်းမိထားပြီး လက်နက်ခဲယမ်းများကိုလည်း CDF အရှိုက သိမ်းရထားသည်။

အမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA) က ၂၀၂၄ စက်တင်ဘာ၂၆ရက်ကစတင် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၀ရက်တွင်သိမ်းယူခဲ့သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နှင့် အမ်းမြို့မှ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကွေးတိုင်းရှိ ငဖဲ၊ ပဒါန်း၊ မင်းဘူးမြို့နယ်များသို့ ရောက်ရှိလာပြီး AA၏ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လိုက်လံဖမ်းဆီးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်