Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် စစ်တပ်က တပ်စွဲပြီးနောက် ပြည်သူအချို့ သတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအနီးရှိ ဆီဆုံကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲပြီး ပြည်သူအချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသအခြေစိုက် နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ − CJ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအနီးရှိ ဆီဆုံကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲပြီး ပြည်သူအချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသအခြေစိုက် နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၅ ရက်ကစပြီး ဆီဆုံကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းကျန်ရှိနေသည့် ပြည်သူ ၁၀ဦးကျော်ကို ဖမ်းဆီးနှိပ်စက်ကာ လေးဦးထက်မနည်းအား ကြိုးတုပ်ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဟု ၎င်းက ပြောသည်။

“ဆီဆုံကုန်းက အတိကျသိရတာတော့ လေးယောက်ပါ။ ကျွန်တော်တို့ကဘဘန့်ဘွေးကုန်းရွာဘက်မှာ စစ်ဆိုင်ထားလို့။ လေးငါးဆယ်ဦးလောက် အသတ်ခံရတယ်လို့တော့ ကြားမိတယ်။ အတိအကျ မသိရသေးဘူး။ စကစတွေ အခုထိ ရွာထဲရှိနေတုန်းပဲ”ဟု နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဆီဆုံကုန်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ဒေသခံအများစုမှာ စစ်ကောင်စီတပ်၏ ရန်ကြောင့် အစောပိုင်းကတည်းက ဘေးလွတ်ရာရှောင်တိမ်းနေကြရပြီး ယခုဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ စစ်ဘေးရှာင်ရာမှ ကျေးရွာသို့ အစောင့်ပြန်လာသူများဖြစ်ကြောင့် ၎င်းက ဆက်ပြောသည်။

အလားတူ ဆီဆုံကုန်းရွာမှ ခြေလျင်သွားလျှင် နာရီဝက်ခရီးသာရှိသည့် အိမ်ခြေ ၂၀၀ ကျော်ရှိ ပဲခူးရိုးမအစပ်မှ ဘန့်ဘွေးကုန်းရွာတွင်လည်း စစ်ကောင်စီတပ်သားအချို့ရောက်ရှိနေပြီး ၎င်းတို့နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ဆိုင်ထားဆဲဖြစ်ကြောင်း နတ်စစ်သည်တပ်ဖွဲ့ထံမှ သိရသည်။

“နှစ်ရွာစလုံး ရွာသားတွေ စစ်ရှောင်နေရပါတယ်။ တောထဲမှာ သူ့အစုနဲ့သူ ဖြစ်သလိုနေနေရတာပါ”ဟု နတ်စစ်သည်တပ်ဖွဲ့တာဝန်ရှိသူက ဒေသခံပြည်သူများ၏ လက်ရှိအခြေ အနေကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂ ရက်ကလည်း ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၁၀၀ ခန့်သည် နတ္တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာဘက်မှ ဆီဆုံကုန်းကျေးရွာဘက်သို့လာရောက်စဥ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သေးသည်။

အဆိုပါ ပစ်ခတ်မှုတွင် ဆီဆုံကုန်းကျေးရွာပေါ်သို့ လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင်ကိုးဦးခန့် ထိခိုက်ဒဏ်ရာများရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။