Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးအာဆီယံရဲ့ချဉ်းကပ်မှုတွေမှာသတိကြီးကြီးထားဖို့ အရေးကြီးကြောင်း မလေးရှား ဝန်ကြီးချုပ်ပြော

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိတွေ့ လုပ်ဆောင်မှုတိုင်းမှာ သတိကြီးကြီးထား ကိုင်တွယ်ခြင်းဆိုတာဟာအရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် ဒါတုခ်ဆာရီ အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

မလေးရှား ဝန်ကြီးချုပ် ဒါတုခ်ဆာရီ အန်ဝါ အီဘရာဟင် (ဓါတ်ပုံ -New Straits Times)

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိတွေ့ လုပ်ဆောင်မှုတိုင်းမှာ သတိကြီးကြီးထား ကိုင်တွယ်ခြင်းဆိုတာဟာအရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် ဒါတုခ်ဆာရီ အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွက် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ အန်ဝါက မြန်မာ့အကျပ်အတည်းမှာ အာဆီယံရဲ့ ကြားဝင်ဖြေရှင်းဖို့ အားထုတ်မှုတွေ ပိုမို မြှင့်တင်ရေး တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့မှာ အခုသီတင်းပတ် ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် ၂၀၂၅ ရဲ့ အာဆီယံရေးရာ ဆွေးနွေးမှု အစီအစဉ် တစ်ခုအတွင်း အန်ဝါက အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မလေးရှား ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံ ပါဝင်နိုင်တဲ့ အုပ်ချုပ်ရေး စနစ်မျိုး ပေါ်ထွန်းလာရေး၊ ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ပြန်လည် ဖော်ဆောင်ရေးစတဲ့ ကဏ္ဍတွေအတွက် ပိုပြီး ပြင်းပြထက်သန်တဲ့ လုပ်ဆောင်ချက်တွေ လိုအပ်တယ်လို့တော့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

မြန်မာ့ အရေးနဲ့ ပတ်သက်ရင် အာဆီယံဟာ သတိကြီးကြီးနဲ့ တဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်နေကြောင်း၊ ပထမဆုံး အပေါင်းလက္ခဏာဆောင်တဲ့ ညွှန်ကိန်းတွေအဖြစ် ပြီးခဲ့တဲ့လပိုင်းတွေမှာ ထိတွေ့ဆွေးနွေးမှုတွေအတွက် ပြင်ဆင်မှု အရိပ်အယောင်တွေကို မြင်ခဲ့ရကြောင်း အန်ဝါက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ချဉ်းကပ်မှုဟာ ဘယ်လို အစိုးရမျိုး ဖြစ်သင့်သလဲ ဆိုတာကို စွက်ဖက် တောင်းဆိုတာမျိုးထက် ငြိမ်းချမ်းရေးအတွက်၊ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေကို တားဆီးဖို့ အတွက်သာ ဦးတည်တာလို့ သူက အခိုင်အမာ ပြောပါတယ်။

မြန်မာ့ပြည်တွင်းစစ်ကြာညောင်းလာမှုနဲ့ ပတ်သက်လို့လည်း စိုးရိမ်ကြောင်း အန်ဝါက ပြောကြားခဲ့ပြီး စစ်ပွဲ အချိန်ကြာလေလေ ပြည်သူတွေ ထိခိုက် ခံစားရမှု များလေလေ ဖြစ်ကြောင်း၊ မလေးရှားမှာတောင် မြန်မာ ဒုက္ခသည် ၂ သိန်းလောက်ထိ ရှိလာကြောင်း၊ အဲဒီ အခြေအနေတွေကို ဆက်ပြီး ခွင့်ပြုထားမယ်ဆိုရင် အရမ်းရက်စက်လွန်းရကျနေလိမ့်မယ်လို့လည်း အန်ဝါက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုစနစ် ပြိုလဲမှုဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့အတွက် အာဆီယံဟာ အားကောင်းတဲ့ အနေအထားမျိုးနဲ့ ရပ်တည် တုံ့ပြန်ဖို့ လိုအပ်လာတယ် ဆိုတာကို မြန်မာ အာဏာပိုင်တွေကလည်း နားလည်ထားဖို့ လိုကြောင်း၊ သူ့အနေနဲ့ကတော့ သတိကြီးကြီး ထားနေရင်းနဲ့ပဲအခြေအနေကို အကောင်းမြင်ထားကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

ဒါ့အပြင် အာဆီယံဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်သလို ကုလသမဂ္ဂနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ အကောင်အထည် ဖော်မယ်လို့ အန်ဝါက ဆိုပါတယ်။ ထိုင်းလို နိုင်ငံမျိုးတွေက မလေးရှားနဲ့ မတူကွဲပြားတဲ့ စံနှုန်းမျိုးနဲ့ ချဉ်းကပ် ဆွေးနွေးနေတာကို မလေးရှားက လက်ခံကြောင်း၊ အပြုသဘောဆန်တဲ့ အားထုတ်မှုတိုင်းအတွက် ညှိနှိုင်း လုပ်ဆောင်မှုတွေကို ကြိုဆိုကြောင်း၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကြုံခဲ့ဖူးတဲ့ တူညီတဲ့ အမှားတွေကို ထပ်ကျူးလွန်မိမှာကိုတော့ စိုးရိမ်ကြောင်း အန်ဝါက ပြောကြားသွားပါတယ်။

ကိုးကား – New Straits Times

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook