Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေး ကျုံးအနီးတွင် ဆန္ဒထုတ်​ဖော်

မန္တလေးမြို့တွင် သပိတ်အင်အားစုမှ လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံဆော်သည့်လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၄)မန္တ​လေးကျုံးအနီးပြုလုပ်ခဲ့သည်။

သုည/People’s Spring

မန္တလေးမြို့တွင် သပိတ်အင်အားစုမှ လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံဆော်သည့်လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၄)မန္တ​လေးကျုံးအနီးပြုလုပ်ခဲ့သည်။

တော်လှန်လူငယ်များက မန္တလေးမြို့ ကျုံးဘေးတလျောက်တွင် “လာပါ ငါတို့အတူရုန်းမယ်” ၊ “ငုံ့မခံနဲ့တုံ့ပြန်ကြ” ၊ “မန္တလေးမြို့တော်လွတ်မြောက်ဖို့ မန္တလေးသားတွေအားလုံးတာဝန်ရှိတယ်” စသည့် စာသားများကို ကပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“မ အ လ တယောက် ဘုရင်ရူးရူးပြီး ပြန်တည်ဆောက်နေတဲ့ မန္တလေးကျုံး အနောက်တံခါးပေါက်က စည်ရှည်တံတားအနီးမှာ ပြည်သူများကို နှိုးဆော်ပေးရုံသာမက စစ်ကောင်စီရဲ့ လက်ပါးစေများကိုပါ သတိပေးတဲ့ စာရွက်များကို ကပ်ထားခဲ့ပါတယ်။ တဖန် စစ်ကောင်စီ ထောက်လှမ်းရေးတွေ၊ “စ”သုံးလုံးတွေ နေရာယူလေ့ရှိတဲ့ မြောက်ဘက်ကျုံးနံဘေးနဲ့ ကျုံးမြို့ရိုး အင်္ဂါထောင့်မှာပါ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို တပြိုင်တည်း ဖော်ဆောင်ခဲ့ကြပါသေးတယ်။ မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ ဆက်လက် ပါဝင်ကြပါ” ဟု နွေဦးတော်လှန်ရေး ဦးဆောင်သူ ဒေါက်တာတေဇာဆန်းကလည်း တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ​တေဇာစန်းFacebook

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook