Connect with us

Hi, what are you looking for?

သတင်း

စကခ-၂၁ အပါအဝင် ဗန်းမော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ရှင်းလင်းရေးလုပ်ဆောင်ထားနိုင်ဟု သတင်းရင်းမြစ်ပြော

KIA ၊ PDF နှင့်ပူး​ပေါင်းတပ်များကစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ကြီးတလက်။(ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-NUG

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)တပ်စခန်းနေရာအပါအဝင် မြို့​ပေါ်ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများ၌ တိုက်ပွဲဆက်ဖြစ်နေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့ကပြောသည်။

ဇန်နဝါရီ ၂၄ရက်တွင် KIA နှင့် ပူး​ပေါင်းတပ်များက မြို့ သိမ်း စစ်ဆင်ရေးအရှိန်မြှင့်တင်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းဌာနချုပ် တစ်ခု နှင့် သံချပ်ကာယာဉ် ၄စီးကို သိမ်းဆည်းနိုင်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“စကခ ၂၁ ဘက်တိုက်ပွဲဖြစ်နေတယ်။ ၇၀၀၆ (သံချပ်ကာတပ်ရင်း)က အပြီးမရသေး” ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။ ဇန်နဝါရီ ၂၄ ရက်​နေ့က သိမ်းရသည့် စစ်ကောင်စီ တပ်ရင်းမှာ ဝန်တင်တပ်ရင်းဖြစ်သည်ဟု၎င်းကဆက် ပြောသည်။ အသေးစိတ်အခြေအနေကို People’s Spring ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ကချင်စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က “ဒီမနက် ၁၀နာရီ ဝန်းကျင်လောက်မှာ ဗန်းမော်မြို့ထဲကို ၈၅ရာခိုင်နှုန်းလောက် က အားလုံးနီးပါး KIAနဲ့ မဟာမိတ်တပ်ဖွဲ့က ရှင်းလင်းရေးတွေ လုပ်ဆောင်ထားနိုင်ပြီလို့ ကနဦး သိရှိထားပါတယ်။ ဗန်းမော်အနီးတဝိုက်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတပ်ခွဲတွေအားလုံးနီးပါး အခုအချိန်မှာတော့ ကျနော်တို့ သိရှိရသလောက် စကခ(၂၁)နဲ့ ခလရ(၄၇) အဲဒီ တပ်စခန်း၂ခုထဲမှာ အားလုံးအဲဒီတပ်စခန်းထဲမှာပဲ စုပြုံနေကြတာ။စစ်ကောင်စီကတော့ အခုမြို့ထဲမှာ မရှိသလောက်ဆိုတော့ဒီနေ့ ညနေပိုင်း မနက်ဖြန် သန်ဘက်ခါဆိုရင်တော့ ဗန်းမော်မြို့ထဲကို စစ်ကောင်စီကရမ်းသန်းဗုံးကြဲတိုက်

ခိုက်မှု ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ အဲဒီလို သုံးသပ်မိပါတယ်” ဟု၎င်းကဆက်သည်။

ဇန်နဝါရီ ၂၅ရက်​နေ့တွင်လည်း စစ်ကောင်စီက ဗန်းမော်မြို့ထဲသို့ လေကြောင်း တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ကြောင်း ၎င်းက ပြောသည်။

“မနေ့ကနေ အခုအချိန်ထိတော့ သူက ဆက်တိုက်ပဲ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေပါတယ်။အရပ်သား ပြည်သူလူထုတွေရဲ့ နေအိမ် တော်တော်များများကတော့ ပျက်စီးသွားပါပြီ”ဟု ဦးဇော်ဆန်က ပြောသည်။

ဇန်နဝါရီ ၂၄ ရက်​နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီက ဗန်းမော်ကို တိုက်လေယာဉ် Y12 လေယာဉ်ဖြင့် အကြိမ် ၂၀ကျော် ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့သည်ဟု လေကြောင်း တိုက်ခိုက်မှု မှတ်တမ်းအရ သိရသည်။

“ဗန်းမော်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ၂ခုကိုတော့ အနှေးနဲ့အမြန်တော့ KIAနဲ့မဟာမိတ်တပ်ဖွဲ့တွေက ဒီရက်ပိုင်းအတွင်းမှာ မရမက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူနိုင်မယ်လို့ ခန့်မှန်းပါတယ်။ဗန်းမော်မြို့သိမ်းပိုက်ပြီးရင်တော့ အပေါ်ပိုင်းဆိုရင် ဝိုင်းမော် ၊ မြစ်ကြီးနားဘက်ကို တိုက်ပွဲတွေက အဲဒီဘက် ခြေဦးလှည့်လာမယ်ထင်တယ်။ အဲဒီလိုဆို စစ်ကောင်စီရဲ့ အဓိက တပ်စခန်းတွေက မပခ အခြေစိုက်ရာ မြစ်ကြီးနားရယ်၊ ဖားကန့်ရယ် ဝိုင်းမော်ဘက်ခြမ်း ဒါတွေ ကင်းစင်သွားပြီရင်တော့ ကချင်ပြည်နယ်မှာကုန်သလောက်ရှိပါပြီ။ မိုးညှင်း ၊မိုးကောင်းဘက်မှာတော့ လက်ကျန်စခန်းတွေကျန်ရှိနေဆဲပါ” ဟု စစ်ရေးလေ့လာသူ ဦးဇော်ဆန်ကကချင်ဒေသတိုက်ပွဲ အလားအလာကို သုံးသပ်ပြောကြားသည်။

ဗန်းမော်မြို့တွင်စစ်တပ် စစ်ရှုံးပါက စစ်ကောင်စီအနေဖြင့် KIA ဌာနချုပ် လိုင်ဇာနှင့် မိုင်ဂျာယာန်ဒေသကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်၍ ပြည်သူများ သတိရှိကြရန် လည်း ၎င်းက သတိ​ပေးသည်။ ထို့ပြင် စစ်ကောင်စီက အရပ်

သား ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများအပါအဝင်စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များကို သေချာစွာ မှတ်တမ်းတင်ထားရန် ဦးဇော်ဆန်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လူနာကုတင်ပေါ်မှာ ကလေးငယ်တစ်ယောက်စူးစူးဝါးဝါးအော်ငိုနေပါတယ်။ ငိုသံကို ကြားရသူ၊ ကလေးကို မြင်ရသူတွေလည်း မျက်ရည်တွေ စီးကျနေပါတယ်။ ငိုသံဟာ မနေ့ညနေပိုင်းမှာ စစ်တပ်ကတိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်ကပေါက်ကွဲသံထက်တောင် ပိုပြီးကျယ်လောင်သ​ယောင် ခံစားရတယ်လို့ ကလေးငယ်ကို ဆေးကုပေးနေသူတစ်ဦးက ဆိုပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းကို စစ်ကောင်စီတပ်က စိုးမိုးဖို့ကြိုးစားနေပြီး မန္တလေးမြို့ကနေ သပိတ်ကျင်းမြို့အထိ မြစ်ကမ်းဘေးကျေးရွာတွေကို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အာဏာသိမ်းစစ်တပ်က ထပ်မံထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီး စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၂ခုကို စက်တင်ဘာ ၁၁ညနေပိုင်းတွင် လက်လွှတ်ခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။