Connect with us

Hi, what are you looking for?

သတင်း

ဆင်ဂွတ်ရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု ပကဖနှင့် ပြည်သူ ၁၈ ဦးခန့် သေဆုံး၊ ၂၀ကျော် ဒဏ်ရာရ

မန္တလေး၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော်များအပါအဝင် ၁၈ ဦးခန့်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဗုံးကြဲ ၊ ပစ်ခတ်ခံရ​ပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- ​CJ

ကျော်ဇော/People’s Spring

မန္တလေး၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဲဘော်များအပါအဝင် ၁၈ ဦးခန့်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၆ရက်)နံနက် ၇နာရီခွဲခန့်က မြင်းခြံ-ဆီမီးခုံလမ်းပိုင်းရှိ ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၂၀၀ဗုံးသီးနှစ်လုံးကြဲချခဲ့ပြီး MI-35 ဖြင့်လည်း စစ်သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဟု ၎င်းတို့က ပြောသည်။

“စာသင်ကျောင်းက ရွာအဝင်ကားလမ်းဘေးလည်းဟုတ်သလို ရွာနဲ့လည်းအနီးကပ်ရှိနေတော့ ပြည်သူတွေပါ ထိသွားတာမျိုး”ဟု မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရမှုတွင် မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော် ၁၀ဦးခန့်ကျဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ရှစ်ဦးခန့်သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရသည့်အပြင် အိမ်မွေးတိရိစ္ဆာအချို့ပါ သေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဆင်းဂွတ်ကျေးရွာစာသင်ကျောင်း၌ CDM ကျန်းမာရေးဝန်ထမ်းအချို့ဖြင့် ကျေး လက်ဆေးပေးခန်းတစ်ခု ဖွင့်လှစ်ထားသည်။

လက်ရှိအခြေအနေတွင် ဆင်းဂွတ်ရွာစာ သင်ကျောင်းအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး နာရီဝက်အတွင်း ရှင်းလင်းရေးလုပ်ဆောင်၍ ကျဆုံးရဲဘော်များနှင့် ပြည်သူများအပါအဝင် ထိခိုက်ဒဏ်ရာရသူ များအား နေရာပြောင်းရွှေ့ကာ ကယ်ဆယ်ရေးလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် စာသင်ကျောင်းအဆောင်ပေါ်သို့ ဗုံးသီးတစ်လုံး၊ ကျောင်းဆောင်ရှေ့သို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

Facebook