Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ပြလိုက်တဲ့ ရခိုင်ပြင်ပက စခန်းသိမ်းတိုက်ပွဲ

ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားသည့် စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ယနေ့(ဇန်နဝါရီလ၂၇ရက်)ညနေပိုင်း၌ဖော်ပြလိုက်သည်။

AA နှင့် ပူး​ပေါင်းတပ် သိမ်းပိုက်ခဲ့​​သော စစ်တပ်စခန်းမှ လက်နက်ခဲယမ်းများ။ဓါတ်ပုံ-ဗိုလ်ချုပ်ထွန်းမြတ်နိုင်X လူမှုကွန်ရက်

ကဖေး/People’s Spring

ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားသည့် စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ယနေ့(ဇန်နဝါရီလ၂၇ရက်)ညနေပိုင်း၌ဖော်ပြလိုက်သည်။

တိုက်ပွဲအတွင်းသိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများ၊ ဂျန်ပါများနှင့် စစ်သုံးပစ္စည်းအများအပြားနှင့်အတူပဲခူးတိုင်းဒေသကြီးမှကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်တွင် ရိုက်ကူးထားသည့်ဓာတ်ပုံကို ဖော်ပြခြင်းဖြစ်သည်။

မည်သည့်မြို့ဖြစ်သည်ကို အသိပေးထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

သို့​သော်AA သိမ်းယူလိုက်သည့် စခန်းမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့ရှိ မိုးထိတောင်ဗျူဟာဟု စစ်ရေးသတင်းရင်းမြစ်တဦးက​ပြောသည်။

ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းမှနယ်စပ်ဒေသများ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AAက ဇန်နဝါရီလ၂၀ရက်တွင် ပထမဆုံးအကြိမ်အသိပေးခဲ့ပြီးနောက် ရက်သတ္တပတ်တစ်ပတ်တိတိတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စခန်းသိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံတစ်ပုံကို ဖော်ပြလာခြင်းဖြစ်သည်။

” ဗိုလ်ချုပ်ကတော့ အရိပ်အမြွက်ပြပြီ။သိပ်မကြာခင်သတင်းထုတ်ပြန်လာလိမ့်မယ်”ဟုAAနှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

AAနှင့် ပူးပေါင်းတပ်များသည် ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်အချို့တို့မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသည်။

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံမြို့နယ်၊ မကျီးစင်ကျေးရွာတွင်ဇန်နဝါရီလ ၈ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ရွှေသောင်ယံမြို့နယ်မှ မကျီးစင်ရွာ၊ ဘောမိရွာတို့ကို AAက တိုက်ခိုက်သင်ယူထားသည်။လက်ရှိတွင် ရေကြည်မြို့နယ်နှင့်ထိဆက်နေသော ရခိုင်ရိုးမထဲ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်နေသည်။

တောင်ကုတ်မြို့နယ်နှင့်ထိဆက်နေသော ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်၌လည်း AAပူးပေါင်းမဟာမိတ်တပ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေသည်။

အမ်း-ပဒါန်း ကားလမ်းမအနီးပတ်ဝန်းကျင်တွင်လည်း တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်း‌များ၊ မကွေး၊ ကပစ မှစစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီရုပ်အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းမိထားတယ်လို့ AAက ဇန်နဝါရီလ၂၀ရက်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

ဆောင်းပါး

အထူးသဖြင့် မကွေးတိုင်း ရဲ့ ပဲခူးတိုင်းဆက်စပ်ဒေသတွေမှာရှိတဲ့ ကပစတွေအနီးအထိ AAနဲ့မဟာမိတ်‌တွေ ခြေချပြီးသားဖြစ်နေပြီး စစ်ရှိန်မြှင့်နေပြီဖြစ်ပါတယ်။