Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးငါးဦး ဒဏ်ရာရ၊ နေအိမ်နှစ်လုံး မီးလောင်

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုများကြောင့် ဒေသခံအမျိုးသမီးငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ အမတ-၃၀၆မှ ဒရုန်းဖြင့်ဗုံးကြဲခဲ့၍ ညောင်ကုန်းရွာမှ နေအိမ်နှစ်လုံးမီးလောင် ဆုံးရှုံးခဲ့သည်။(ဓာတ်ပုံ - တနင်္သာရီမြို့နယ် ပကဖ)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုများကြောင့် ဒေသခံအမျိုးသမီးငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ၂၉ ရက်)ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်သည် တနင်္သာရီမြို့ပေါ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ လယ်တောင်ယာကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး ကျောင်းသူတစ်ဦးနှင့် Non-CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး အပါအဝင် အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ၎င်းက ပြောသည်။

“နှစ်ယောက်က စိုးရိမ်ရတယ်။ တစ်အိမ်ထဲကပဲ သုံးယောက်ထိတယ်။ စိုးရိမ်ရတာက အမျိုးသမီးကြီး နောက်ကြောနဲ့ ခေါင်းကိုထိထားတာ”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဇန်နဝါရီ၂၉ ရက် ညနေ ၅ နာရီ ၄၀မိနစ်ခန့်က တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ-၃၀၆မှ ညောင်ပင်ကုန်းကျေးရွာအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဇုံ-၃မှ အသိပေး ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ ဝါရစ် ကျေးရွာ ဂျိုးတောင် စနေဘုရားသို့ ကားသုံးစီး အင်အား (၆၀)ကျော်ဖြင့် ရောက်ရှိနေသည်။ ထို့အပြင် ကျွန်းစုနှင့် တနင်္သာရီမြို့နယ်အစပ် ပြင်ဝန်းအနောက်ရွာဘက်တွင်လည်း စစ်ကြောင်းတစ်ကြောင်းရောက်ရှိနေပြီး လယ်သစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးရန် ဦးတည်ပြင်ဆင်လျှက်ရှိကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

အဆိုပါ ပြင်ဝန်းအနောက်ကျေးရွာသို့ ဇန်နဝါရီ ၂၇ ရက် နံနက်က အင်အား ၃၀ခန့်ဖြင့်လာသော စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့ရာ ဒေသခံပြည်သူအများအပြား ထွက်ပြေးကြရပြီး စိတ်မနှံ့သည့် မောင်နိုင်ဆိုသူအား ၎င်း၏နေအိမ်၌ ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။

စစ်ကောင်စီတပ်သည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူနှင့် ပြည်သူ့အသက်အိုးအိမ်များ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် ပြည်သူများအနေဖြင့်​ စစ်ရေးသတိရှိစွာ ၎င်းတပ်များအား ရှောင်ရှားကြရန် တနင်္သာရီမြို့နယ် ပကဖမှ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook