Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်တွင် တပ်မ(၉၉)လက်အောက်ခံစစ်ကြောင်းအား PDFပူးပေါင်းတပ် တိုက်ခိုက်

ဗိုလ်ကြီးအောင်ဇော်မင်းအပါအဝင် ရုပ်အလောင်း ၂၁လောင်းရ၊ သုံ့ပန်းရှစ်ဦးနှင့် လက်နက် ၃၉လက် သိမ်းရဟု အမှတ်(၁)စစ်ဒေသ အသိပေး

နွားထိုးကြီးမြို့နယ်တွင် တပ်မ(၉၉)လက်အောက်ခံစစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် ဖမ်းမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာမှ ထွက်လာသော ဗိုလ်မှူးရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်းဦးစီးသော တပ်မ(၉၉)လက်အောက်ခံ ခမရ (၁၄၊ ၁၅)နှင့် ရဲတပ်ရင်းပူး ပေါင်းအင်အား ၅၀ခန့်ပါ စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြီး စစ်သုံ့ပန်း ရှစ်ဦးဖမ်းမိကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄) နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၃၀ရက်)နံနက် ၁၀နာရီခွဲခန့်က နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာမှ ထွက်လာသော တပ်မ(၉၉)လက်အောက်ခံစစ်ကြောင်းနှင့် ရဲတပ်ရင်းပူးပေါင်းအင်အား ၅၀ခန့်ကို မြတောင်ရွာနှင့် စိန်ပန်းကန်ကျေးရွာကြား၌ မြင်းခြံခရိုင် တပ်ရင်း(၄)နှင့် တပ်ရင်း(၁၀)တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နေ့လယ် ၂နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအောင်ဇော်မင်းအပါအဝင် ၂၁လောင်းရရှိပြီး သုံ့ပန်းအဖြစ် လက်ရအရှင်ဖမ်းမိသူ ရှစ်ဦးနှင့် လက်နက် (၃၉)လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“မနက်ခင်း ၁၀နာရီ ၁၀နာရီခွဲပတ်ချာလည်လောက်ကနေ နေ့ခင်း ၂နာရီလောက်အထိ ဖြစ်ခဲ့တာပါ။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်”ဟု ၎င်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ရန်လင်းအောင် ထိခိုက်‌ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်းသိရပြီး သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများမှာ MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက် စုစုပေါင်း လက်နက် ၃၉လက်နှင့် ခဲယမ်းများလည်း သိမ်းရကြောင်း စစ်ဒေသ(၁)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ တံတားဦးမှလာသော Mi-35 (၁)စီးဖြင့် လေကြောင်းတိုက်ခိုက်မှု(၃)ကြိမ် ပစ်ကူပေးခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄)နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)မှ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ရက်မှ ဇန်နဝါရီ ၂ရက်အထိ ၁၀ရက်ခန့်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

သတင်း

ဖမ်းမိထားသည့်စစ်ကောင်စီအရာရှိများထံမှ ၎င်းတို့လုယက်ထားသည့် ကားနှင့်ငွေကြေးများ၊ လက်နက်ခဲယမ်းအချို့လည်း တွေ့ရှိခဲ့သည်။

သတင်း

ယမန်နေ့ (ဇူလိုင်လ၄ရက်) ည ၇နာရီခွဲခန့်က စစ်ကောင်စီတပ်များ တပ်စွဲထားသော နွားထိုးကြီးမြို့လယ်တွင်ရှိသည့် အားကစားခန်းမနှင့် ဆောက်လုပ်ရေးရုံးအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF က ပြောသည်။