Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးပြည်သူ့ဆေးရုံကို စစ်ကောင်စီဗုံးကြဲ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဆောက်အဦး ၃ လုံး ပျက်စီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့လည်ခေါင်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက မနေ့ကညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဆောက်အဦး သုံးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေက ပါတယ်။

စဉ့်ကူးပြည်သူ့ဆေးရုံကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများ။ ဓာတ်ပုံ - MDY-PDF

မေ/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့လည်ခေါင်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက မနေ့ကညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဆောက်အဦး သုံးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေက ပါတယ်။

မနေ့ည ၁၂နာရီကျော်မှာ တံတားဦးလေတပ်ကနေ စဉ့်ကူးမြို့ထဲက ဆေးရုံကို ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

” တော်လှန်ရေးတပ်တွေနေတယ်လို့ သတင်းပေါက်တယ်လို့ ပြောတယ်။အဲတာကြောင့်ကြဲတာလို့ကြားတာပဲ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် မိခင်နဲ့ကလေးဆေးရုံအဆောက်အဦး သုံးလုံးပျက်စီးသွားပြီး ပြည်သူအထိခိုက်မရှိဘူးလို့ သက်ဆိုင်ရာနယ်မြေသတင်းတာဝန်ခံက ပြောပါတယ်။

မန္တ​လေးပြည်သူ့ကာကွယ်ရေးတပ်(MDY-PDF)ကလည်း စစ်ကောင်စီတပ်က စဥ့်ကူးမြို့ပေါ်ကပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ ယခုဆေးရုံဟာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့ အလှမ်းကွာဝေးပြီး စစ်တပ်က အကြောင်းမဲ့သက်သက် အများပြည်သူနဲ့သက်ဆိုင်တဲ့ မြို့နယ်ပြည်သူ့ဆေးရုံကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ယခုရက်ပိုင်းအတွင်းပြည်သူ့ဆေးရုံတွေကို ဦးတည်တိုက်ခိုက်နေပြီး စစ်တပ်တတပ်အနေနဲ့ ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ တောင်သာမြို့နယ်၊ဇရက်ကြီးကျေးရွာကိုလည်း မနေ့ည ၁၀နာရီလောက်က စစ်ကောင်စီက ပေါင်၅၀၀နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ နေအိမ် တစ်လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက နေရာအနှံ့လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပြီး စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်မှာလည်း မနေ့ကလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ တစ်ဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

Facebook