Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောအား KNLA ဗဟိုက သူရဘွဲ့တံဆိပ် ချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၌ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဌာနချုပ်က သူရဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောအား KNLA ဗဟိုက သူရဘွဲ့တံဆိပ် ချီးမြှင့်နေစဉ်။(ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၌ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဌာနချုပ်က သူရဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၃၁ရက်က ကျရောက်သည့် (၇၆)မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNU ဒူးပလာယာခရိုင် အာရှလမ်းမကြီး စစ်မြေပြင်တနေရာ၌ ပြုလုပ်ခဲ့ရာ ဗိုလ်မှူးစောဒါဘောကို သူရဘွဲ့တံဆိပ်ပေးအပ်ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

“ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီလမှာ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ရှိတဲ့အချိန်မှာပဲ သင်္ဃန်းညီနောင် တပ်စန်းတွေ ဗျူဟာစခန်းတွေကို တက်ရောက်သိမ်းပိုက်တဲ့အပေါ်မှာ စစ်ကောင်စီဘက်ကတော့ ပြန်ပြီးတော့ သိမ်းပိုက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး ဆိုပြီး ဖော်ဆောင်လာတဲ့အခါကျနော်တို့ဘက်က သဘောထား ရှိပြီးသားပါ။ အဲဒါ အထူးသဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေပြီးတော့ ဒီစစ်ဆင်ရေးကြီးကို ရိုက်ချိုးနိုင်တဲ့ ကျနော်တို့ အဖွဲ့ အထူးသဖြင့် ဒီကျူးကျော်မှုကို ခုခံကာကွယ်နိုင်ခဲ့တဲ့ ကျနော်တို့ တပ်မှူးတပ်သား တွေအဲဒါကို ဆုချီးမြှင့်မယ်ဆိုတာရှိပြီးသား” ဟု KNUဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ကော်ဘရာ စစ်ကြောင်းခေါင်းဆောင်ကို သူရဘွဲ့တံဆိပ်ပေးအပ်ခဲ့မှု အပေါ်ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးအနေဖြင့် ၎င်းတို့ ဆုံးရှုံးထားခဲ့ရသည့် သင်္ဃန်းညီနောင်နှင့် မြ၀တီမြို့ကို ၄ရက်နှင့်အပြီးသိမ်းမည်ဟု ကြုံးဝါးခဲ့သော်လည်း တစ်နှစ်နီးပါးအကြာထိ အောင်ဇေယျ စစ်ကြောင်းမှာ အထိအခိုက်များစွာရှိခဲ့ပြီး အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ပဒိုစောတောနီးက ပြောသည်။

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူးစောဒါဘောသည် ရှေ့တန်းစစ်မြေပြင်မှာ မကြောက်မရွံဘဲ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ့်၊ ဖျက်စီးနိုင်ခြင်းဖြင့် ရဲစွမ်းသတ္တိအပြည့်၊ ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသည့် ဗိုလ်မှူးဖြစ်၍ သူရဘွဲ့တံဆိပ် ပေးအပ်ခဲ့ကြောင်း၊ ပေးအပ်မှုကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင်သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

” ဗိုလ်ဒါဘောကိုတော့ ဘယ်လိုမြင်သလဲဆိုတော့ သူနဲ့ဆုံဖူးတယ်။ သူကလူငယ်လည်းဖြစ်တယ်ဆိုတော့ ဖျက်ဖျက်လတ်လတ်လည်းဖြစ်တယ်။ သူကအထက်အောက်ကို ဆက်ဆံရေးလည်းကောင်းတယ်၊ သူလူတွေကိုလည်းချစ်တယ် ခင်တယ်၊ စာနာမှုလည်းရှိတယ်။ တိုက်ပွဲမှာလည်း ရဲဘော်တွေနဲ့ ရှေ့မှာဦးဆောင်တယ်”ဟု KNU သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ယမန်နေ့က ကျင်းပသည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားသို့ ကရင်လွတ်မြောက်ရေးတပ်မတော် (ဗဟို) စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ(၆) ဗျူဟာမူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ တပ်းရင်း(၂၇) တပ်ရင်းမှူး ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော၊ တပ်ဗိုလ်၊တပ်မှူးများနှင့်စစ်သားများ တက်ရောက်ခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း အနန်းကွင်းဗျူဟာစခန်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် နဂါးနီစစ်ကြောင်းစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ စစ်တပ်၏ မဲပလီဗျူဟာစခန်းကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က သိမ်းပိုက်ခဲ့​သော ရုပ်သံမှတ်တမ်းကိုBPLA ကထုတ်ပြန်လိုက်သည်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ် ။