ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်တပ်မဟာ(၁) နယ်မြေ နှင့် ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ အမျိုးသမီး ၂ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ပြည်သူအချို့ ဒဏ်ရာရ ရှိခဲ့ကြောင်း KNU ကထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁ရက်က သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့ရှိ ကျေးရွာများသို့ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာတညင်းကုန်းရွာနေ ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ခြင်းဖြစ်သည်တပ်မဟာ(၁) တာဝန်ရှိသူ ၁ဦးက ပြောသည်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၆၂ နှစ်အရွယ်ဒေါ်သန်းနု လက်နက်ကြီးထိမှန်သေဆုံးသည်။ထို့အပြင် အသက် ၅၃ နှစ်အရွယ်အမျိုးသားနှင့် အသက်၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးကျည်ထိမှန်ဒေဏ်ရာရခဲ့သည်ဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။ နွားနှင့်ဝက် အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
အလားတူKNU ဒူးပလာယာခရိုင် တပ်မဟာ(၆) ကျုံဒိုးမြို့နယ်ကိုလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁ရက် မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု KNU ဗဟိုကအသိပေးသည်။ ကျုံဒိုး မြို့နယ်၊ လောင်းကိုင်အုပ်စု ဖားကျ ကျေးရွာအတွင်းသို့စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်ခဲ့ရာအသက် (၁၂) အရွယ်ရှိ ကျောင်းသားငယ်တစ်ဦး ဒဏ်ရာရခဲ့သည်ဟုသိရသည်။
ထို့ပြင် အသက် (၂၀) အရွယ်ရှိ နန်းမြင့်မြင့်ဆန်းမှာ လက်နက်ကြီး၏ တုန်ခါမှုကြောင့် နှလုံးဖောက်ကာ သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူအား ရန်သူသဖွယ်သတ်မှတ်ကာ ရည်ရွယ် ချက် ရှိရှိလုပ်ဆောင်နေမှုကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်သေဆုံးခဲ့ရသည် KNUက ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ၄ နှစ်အတွင်း ပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်၍ နိုင်ငံတဝန်းပြည်သူ အနည်းဆုံး ၆၂၀၀ ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
