Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ကအမျိုးသား၈ဦး​ပေါ်တာဆွဲခံရ

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ ၃ရက်အတွင်း အမျိုးသား၈ဦးပေါ်တာဆွဲခံရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

စစ်​တပ်က စစ်သားသစ်စု​​ဆောင်းခံရသူ​တွေကိုစစ်အ​ခြေခံသင်တန်း​ပေး​နေစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

■အုန်း​ချောရွာမီးပွိုင့်မှာ အရပ်ဝတ်နဲ့ ​​သေနတ်ကိုင် ထားသူ​တွေက အမျိုးသား​တွေကိုပိတ်ဆို့ဖမ်းဆီး

ရှိန်း/People’s Spring

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ ၃ရက်အတွင်း အမျိုးသား၈ဦးပေါ်တာဆွဲခံရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ညပိုင်းကပုသိမ်ကြီးမြို့နယ်၊ဆင်ရွာကြီးရွာကို စစ်တပ်က​ဧည့်စာရင်းစစ်ကာ တခြားနယ်ကနေ စစ်ရှောင်လာနေတဲ့ အသက်၃၀ကျော်အရွယ်အမျိုးသားကို စစ်မှု ထမ်းဆောင်ဖို့ ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဆက်စပ်တွေနဲ့လိုက်တာ။သိန်းကိုရာဂဏန်းကုန်နေပြီ။လွှတ်ပေးမယ်ဆိုပြီးအခုထိမလွှတ်သေးဘူး။ နန်းတွင်းထဲမှာလို့ပြောတယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

အလားတူပဲအဲဒီနေ့ညပိုင်းက မြို့ထဲမှာအလုပ်လုပ်ပြီး ရွာထဲကိုပြန်လာတဲ့ ဆင်ရွာကြီးရွာကအမျိုးသား ၃ ဦးလည်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ၂ ရက် ၊နေ့လည်ပိုင်းမှာလည်း အရပ်ဝတ်တွေနဲ့စစ်သားတွေက အုန်းချောကျေးရွာ အလည်ကမီးပွိုင့်မှာ သွားလာနေတဲ့အမျိုးသားလေးဦးကို သေနတ်တွေနဲ့ ဝိုင်းပြီးကားပေါ်ဆွဲတင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ​​သေနတ်​တွေနဲ့အရပ်ဝတ်​တွေက အမျိုးသား​တွေကို ဝင်ဆွဲတာမှာ ​​လမ်းသွားလမ်းလာ​တွေက မြင်​တွေ့​နေရ​ပေမယ့် ​ကြောက်တဲ့အတွက် ဘယ်သူမှ မတားဆီးရဲကြဘူးလို့ ​ဒေသခံတစ်ဦးက​ပြောပါတယ်။

စစ်မှုထမ်းအပတ်စဥ် (၉ )ခေါ်ယူစဥ်ကလည်းပုသိမ်ကြီးမြို့နယ်ကစက်ရုံတွေကို စစ်တပ်ကဝင်ရောက်စီးနင်းကာပေါ်တာဆွဲခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲဝင်ပြီး ဓါးပြတိုက်သွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

မန္တလေး ၊ ပြည်ကြီးတံခွန်မြို့နယ်ထဲကရပ်ကွက်အချို့မှာစစ်မှုထမ်းစာရင်းပါတဲ့နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြပြီးဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခေါ်ဆောင်တာတွေရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။