■အုန်းချောရွာမီးပွိုင့်မှာ အရပ်ဝတ်နဲ့ သေနတ်ကိုင် ထားသူတွေက အမျိုးသားတွေကိုပိတ်ဆို့ဖမ်းဆီး
မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ ၃ရက်အတွင်း အမျိုးသား၈ဦးပေါ်တာဆွဲခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ညပိုင်းကပုသိမ်ကြီးမြို့နယ်၊ဆင်ရွာကြီးရွာကို စစ်တပ်ကဧည့်စာရင်းစစ်ကာ တခြားနယ်ကနေ စစ်ရှောင်လာနေတဲ့ အသက်၃၀ကျော်အရွယ်အမျိုးသားကို စစ်မှု ထမ်းဆောင်ဖို့ ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

Public Service Announcement
“အဆက်စပ်တွေနဲ့လိုက်တာ။သိန်းကိုရာဂဏန်းကုန်နေပြီ။လွှတ်ပေးမယ်ဆိုပြီးအခုထိမလွှတ်သေးဘူး။ နန်းတွင်းထဲမှာလို့ပြောတယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။
အလားတူပဲအဲဒီနေ့ညပိုင်းက မြို့ထဲမှာအလုပ်လုပ်ပြီး ရွာထဲကိုပြန်လာတဲ့ ဆင်ရွာကြီးရွာကအမျိုးသား ၃ ဦးလည်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ၂ ရက် ၊နေ့လည်ပိုင်းမှာလည်း အရပ်ဝတ်တွေနဲ့စစ်သားတွေက အုန်းချောကျေးရွာ အလည်ကမီးပွိုင့်မှာ သွားလာနေတဲ့အမျိုးသားလေးဦးကို သေနတ်တွေနဲ့ ဝိုင်းပြီးကားပေါ်ဆွဲတင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ သေနတ်တွေနဲ့အရပ်ဝတ်တွေက အမျိုးသားတွေကို ဝင်ဆွဲတာမှာ လမ်းသွားလမ်းလာတွေက မြင်တွေ့နေရပေမယ့် ကြောက်တဲ့အတွက် ဘယ်သူမှ မတားဆီးရဲကြဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်မှုထမ်းအပတ်စဥ် (၉ )ခေါ်ယူစဥ်ကလည်းပုသိမ်ကြီးမြို့နယ်ကစက်ရုံတွေကို စစ်တပ်ကဝင်ရောက်စီးနင်းကာပေါ်တာဆွဲခဲ့တယ်လို့သိရပါတယ်။
