Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ် စင့်မြင့်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိဟု PDF ပြော

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ စင်မြင့်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)မှ တာဝန်ရှိသူက ပြောသည်။

သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂)

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ စင်မြင့်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)မှ တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၄ရက် နံနက်တွင် အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု နာရီဝက် ကြာမြင့်ခဲ့သည်ဟုလည်း အဆိုပါတပ်ရင်းက ယနေ့ (ဖေဖော်ဝါရီ ၆ရက်) သတင်းထုတ်ပြန်သည်။

“ထန်းပင်ကုန်းရွာမှာ တပ်စွဲထားတဲ့ စခတွေစစ်ကြောင်းထိုးလာလို့ စင်မြင့်ရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ စကစဘက်က စက်လက်နဲ့ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်ပေမယ့် နယ်မြေ အနေအထားကြောင့် ကျနော်တို့ဘက်မှာ ရဲဘော်တစ်ဦးသာ လက်နက်ကြီးစမှန်တာရှိပါတယ်” ဟု PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၅ဦးခန့်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ဒဏ်ရာရသူများအနက်မှ သေဆုံးသူများလည်းရှိသည်ဟု သတင်းကြားရသော်လည်း အတည်မပြုနိုင်၍ စစ်ကောင်စီသေဆုံးစာရင်း၌ ထည့်မထားဟု တပ်ခွဲ(၅) တာဝန်ရှိသူက ပြောသည်။ သို့သော် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

“တိုက်ပွဲက ထပ်ဖြစ်မယ့် အလားအလာရှိတယ်။ ထန်းပင်ကုန်းမှာ အင်အားထပ်ဖြည့်နေတယ်လို့ သိရပါတယ်”ဟု တပ်ခွဲ(၅) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များက စင်မြင့်ကျေးရွာ နေအိမ်၁၆လုံးအား မီးရှို့ဖျက်ဆီးကာ သေဆုံး စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရသူများအား သယ်ဆောင် ပြန်လည်ဆုတ်ခွာသွားသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပြီး စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ မော်တော်ယာဉ်များအား ချောဆွဲခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ရန်လည်း သတိပေးထားသည်။

တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅) ဗျူဟာစစ်ကြောင်းသည် ၂၀၂၄ နိုဝင်ဘာ ၂၇ရက်ကလည်း ပဲခူးရိုးမအတွင်းရှိ ခါချဉ်တောင်ပေါ်သို့ တက်လာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှ စစ်‌ကောင်စီတပ်သား အောင်တင်မြင့် ကဖေဖော်ဝါရီ၁၇ရက် မနက်တွင်အလင်းဝင်လာကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅က သတင်းထုတ်ပြန်သည်။

သတင်း

ထပ်မံစစ်ကြောင်းထိုးရန် ပြင်နေပြီး ဒရုန်း၊ လက်နက်ကြီးဖြင့် ရမ်းပစ်နေဟု PDF ပြော

သတင်း

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ခေါင်းချင်းဆိုင်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း​ကျေးရွာအနီးတဝိုက်ကို ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း(၃)၊၃၈၀၃တပ်ရင်း၊အပတ်စဉ်(၂)အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။