Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအင်အားစုများ ပြည်သူကိုရှေးရှုမျက်နှာမူကာ သဘောထားမတိုက်ဆိုင်မှုများ ကျော်လွှားရန် NUGဝန်ကြီးချုပ် ပြော

ပြည်သူများဒုက္ခကြုံရမှုများပြားနေ၍ တော်လှန်ရေးအင်အားစုများ စုစည်းကာ တော်လှန်ရေးကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ၂၀၂၄ နှစ်ကုန်ပိုင်းက PDFသင်တန်းကျောင်းတစ်ခုသို့ သွားရောက်၍ ရဲဘော်များနှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG

ဟန်နွေ/People’s Spring

ပြည်သူများဒုက္ခကြုံရမှုများပြားနေ၍ တော်လှန်ရေးအင်အားစုများ စုစည်းကာ တော်လှန်ရေးကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ဘေးဒုက္ခသည် သုံးသန်းခွဲရှိနေသည့်အခြေအနေကို ထည့်သွင်း ပြောကြားခဲ့သည်။

” တော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်းနဲ့ ဒီပွဲကို အမြန်ဆုံး အမြစ်ဖြတ် နိုင်ပါမှ ပြည်သူတွေအတွက် ဘက်ပေါင်းစုံက သက်သာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးဟာလည်း ပြည်သူကို ရှေးရှုတဲ့၊ တော်လှန်ရေးကို မျက်နှာမူတဲ့ လုပ်ဆောင်ချက်တွေ၊ မူဝါဒတွေကို ခိုင်ခိုင်မာမာဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစားကျော်လွှားကြရမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးဆင်နွှဲမှု လုပ်ငန်းများအတွက်များစွာကြိုးပမ်းအားထုတ်ခဲ့သော်လည်း ပြည်သူများ ၏ အမှန်တကယ် လိုအပ်ချက်များနှင့်စာပါက များစွာ လိုအပ်ချက်များရှိနေသည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

” တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း တဖက်က အကြမ်းဖက်စစ်ကောင်စီကို တိုက် ခိုက် ချေမှုန်းဖို့ ကြိုးစားကြရသလို တဖက်ကလည်း အကြမ်းဖက် စစ်ကောင်စီဒုက္ခပေးလို့ ဒုက္ခအတိရောက်နေကြရတဲ့ ပြည်သူ တွေကို တတ်နိုင်သမျှ ဝိုင်းဝန်ကူညီဖို့ ကြိုးစားကြရတဲ့ အခြေအနေဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

နိုင်ငံတကာတွင်လည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများ၊ ဥရောပသမဂ္ဂ တို့ဘက်က အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိရာ ယင်းလှုပ်ခတ်မှုများသည် နိုင်ငံအတွက် အကောင်းအဆိုး နှစ်ခုလုံး ကြုံရနိုင်၍ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို တွက်ဆကာ အမြန်ဆုံးတုန့်ပြန်မှု ပြုလုပ်ရန်လည်း ဝန်ကြီးချုပ်က ပြောသည်။

“တခါတရံ အကြပ်အတည်းတွေကနေ အခွင့်အ လမ်းလည်း ပေါ်လာနိုင်တာမို့ ကျွန်တော်တို့အားလုံးဟာ အရှိန်အဟုန်ကောင်းစွာနဲ့ ဆက် လက် အလုပ်လုပ်နေဖို့လိုမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ယခု ၂၀၂၅သည် အခက်အခဲများစွာ ကျော်လွှားရမည် နှစ်ဖြစ်ပြီး ယင်းအခက်အခဲများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကောင်းစွာ လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်သည်ဟုလည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

သတင်း

တော်လှန်ရေးအင်အားစုများ မညီညွတ်ပါက တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးကို အင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားသည်။

သတင်း

လူတစ်ခုက အာဏာရူးပြီးစိတ်ထင်တိုင်းကြဲနေ၍ ပေးဆပ်မှုအလွန်များသည့် တော်လှန်ရေးဖြစ်နေရာများစွာ စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပြီး တော်လှန်ရေး မည်မျှပင်ခက်ခဲသည်ဖြစ်စေ ဇွဲမလျှော့ဘဲ ကြိုးပမ်းနေကြကြောင်း အသိပေးသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် အချက် ၃ချက် ကို အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။