Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအင်အားစုများ ပြည်သူကိုရှေးရှုမျက်နှာမူကာ သဘောထားမတိုက်ဆိုင်မှုများ ကျော်လွှားရန် NUGဝန်ကြီးချုပ် ပြော

ပြည်သူများဒုက္ခကြုံရမှုများပြားနေ၍ တော်လှန်ရေးအင်အားစုများ စုစည်းကာ တော်လှန်ရေးကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ၂၀၂၄ နှစ်ကုန်ပိုင်းက PDFသင်တန်းကျောင်းတစ်ခုသို့ သွားရောက်၍ ရဲဘော်များနှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG

ဟန်နွေ/People’s Spring

ပြည်သူများဒုက္ခကြုံရမှုများပြားနေ၍ တော်လှန်ရေးအင်အားစုများ စုစည်းကာ တော်လှန်ရေးကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ဘေးဒုက္ခသည် သုံးသန်းခွဲရှိနေသည့်အခြေအနေကို ထည့်သွင်း ပြောကြားခဲ့သည်။

” တော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်းနဲ့ ဒီပွဲကို အမြန်ဆုံး အမြစ်ဖြတ် နိုင်ပါမှ ပြည်သူတွေအတွက် ဘက်ပေါင်းစုံက သက်သာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးဟာလည်း ပြည်သူကို ရှေးရှုတဲ့၊ တော်လှန်ရေးကို မျက်နှာမူတဲ့ လုပ်ဆောင်ချက်တွေ၊ မူဝါဒတွေကို ခိုင်ခိုင်မာမာဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစားကျော်လွှားကြရမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးဆင်နွှဲမှု လုပ်ငန်းများအတွက်များစွာကြိုးပမ်းအားထုတ်ခဲ့သော်လည်း ပြည်သူများ ၏ အမှန်တကယ် လိုအပ်ချက်များနှင့်စာပါက များစွာ လိုအပ်ချက်များရှိနေသည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

” တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း တဖက်က အကြမ်းဖက်စစ်ကောင်စီကို တိုက် ခိုက် ချေမှုန်းဖို့ ကြိုးစားကြရသလို တဖက်ကလည်း အကြမ်းဖက် စစ်ကောင်စီဒုက္ခပေးလို့ ဒုက္ခအတိရောက်နေကြရတဲ့ ပြည်သူ တွေကို တတ်နိုင်သမျှ ဝိုင်းဝန်ကူညီဖို့ ကြိုးစားကြရတဲ့ အခြေအနေဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

နိုင်ငံတကာတွင်လည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများ၊ ဥရောပသမဂ္ဂ တို့ဘက်က အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိရာ ယင်းလှုပ်ခတ်မှုများသည် နိုင်ငံအတွက် အကောင်းအဆိုး နှစ်ခုလုံး ကြုံရနိုင်၍ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို တွက်ဆကာ အမြန်ဆုံးတုန့်ပြန်မှု ပြုလုပ်ရန်လည်း ဝန်ကြီးချုပ်က ပြောသည်။

“တခါတရံ အကြပ်အတည်းတွေကနေ အခွင့်အ လမ်းလည်း ပေါ်လာနိုင်တာမို့ ကျွန်တော်တို့အားလုံးဟာ အရှိန်အဟုန်ကောင်းစွာနဲ့ ဆက် လက် အလုပ်လုပ်နေဖို့လိုမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ယခု ၂၀၂၅သည် အခက်အခဲများစွာ ကျော်လွှားရမည် နှစ်ဖြစ်ပြီး ယင်းအခက်အခဲများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကောင်းစွာ လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်သည်ဟုလည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

နိုင်ငံရေးမှာ အမြဲတမ်းသဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန်သဘောတရားပဲ ဖြစ်ပေမယ့် တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင်၊ သဘောမျှနိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

သတင်း

ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် ကမ္ဘာအခြေအနေအရပ်ရပ်က မျက်နှာသာပေးမှု အများကြီး မရှိတဲ့အပေါ်စိတ်ပျက်အားငယ်နေစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ တော်လှန်ရေးကိုအဆုံးသတ် အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။