Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက မုံရွာနဲ့​ချောင်းဦးကရွာ​တွေကိုတညလုံးဗုံးကြဲ၊ က​လေးငယ်​တွေအပါအဝင်ပြည်သူ ၇ဦး​သေ၊၂၀​ကျော်ဒဏ်ရာရဟု ကနဦးသတင်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်ထဲကကျေးရွာတွေကို မနေ့ညပိုင်းကနေ ဒီနေ့မနက်အထိ တညလုံးစစ်တပ်ကလေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ်ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၇ ဦးသေဆုံးပြီး လူ၂၀ ကျော်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ကနဦးသိရပါတယ်။

မုံရွာနဲ့ ​ချောင်းဦးမြို့နယ်ကို Google Earthမှာမြင်​တွေ့ရပုံ

ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်ထဲကကျေးရွာတွေကို မနေ့ညပိုင်းကနေ ဒီနေ့မနက်အထိ တညလုံးစစ်တပ်က လေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ်ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၇ ဦးသေဆုံးပြီး လူ၂၀ ကျော်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ကနဦးသိရပါတယ်။

ဖေဖော်ဝါရီလ၁၂ရက်နေ့၊ ည ၈ နာရီလောက်ကတည်းက မုံရွာအမှတ်(၂)ရဲစခန်းနဲ့ မြို့အဝင်ဂိတ်တွေကလက်နက်ကြီး​တွေ နဲ့ပစ်ခတ်ခဲ့သလို ည ၁၀ နာရီကနေ မနက် ၅ နာရီခွဲလောက်အထိ လေယာဥ်နဲ့ဗုံးကျဲချခဲ့တာလို့သိရပါတယ်။

မုံရွာမြို့နယ် သစ်ဆိမ့်ကျေးရွာက အသက်၅၀ ဝန်းကျင် အမျိုးသမီး၁ဦး၊ညောင်ဖြူပင်ကျေးရွာက အသက်၄၀ကျော်အရွယ်အမျိုးသား၁ဦး၊အမျိုးသမီး၁ဦး၊ဆူးလေကုန်းရွာကပြည်သူ၁ဦး၊ ချောင်းဦးမြို့နယ်ထဲက ကုလားကြီးရွာ စစ်ရှောင်စခန်းပေါ်တည့်တည့်ကျပြီး အသက်၅နှစ်အရွယ်ယောကျာ်းလေး၁ဦး၊အသက်၈နှစ်အရွယ် မိန်းကလေး၁ဦး၊အသက်၇၀အရွယ် အမျိုးသား၁ ဦးတို့သေဆုံးခဲ့တယ်လို့​ဒေသခံအချို့က​ပြောတယ်။

Public Service Announcement

Public Service Announcement

​သေဆုံးဒဏ်ရာရသူအ​ရေအတွက်ဟာကနဦးသတင်းရရရှိတာဖြစ်ပြီးအ​ရေအတွက် ဒီထက်တိုးလာနိုင်ပါ​သေးတယ် ။တညလုံးဗုံးကြဲ​နေတာကို မုံရွာမြို့​ပေါ်က အတိုင်းသားကြားရတယ်လို့ ​ဒေသခံ​တွေကလည်း​ပြောပါတယ်။

“ရွာထဲကလူနေအိမ်တွေကို ကျဲတာပါ။အထိခိုက်တော်တော်များတယ်။ကောလဟာလတွေအရမ်းပြန့်ပြီး ဗုံးကျဲသွားတာပါ”လို့ဒေသခံတဦးကပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ မုံရွာမြို့ပေါ်ကစခန်းတွေသိမ်းမယ့်သတင်းတွေပြန့်ပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတာလို့ဒေသခံကဆိုပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုဆေးရုံပို့ဆောင်ထားပြီး ဒဏ်ရာရသူတွေလည်းဆေးကုသနေတယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

Facebook