Connect with us

Hi, what are you looking for?

သတင်း

ကျိုထိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များအစည်းအဝေးလုပ်နေစဥ် လေကြောင်းတိုက်ခိုက်ခံရမှု ရဲဘော်သုံးဦး ကျဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေအတွင်း KNU/KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁၃ရက်က ကျိုက်ထိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ကျော်ဇော/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေအတွင်း KNU/KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်)နံနက် ၁၀နာရီခွဲခန့်က တပ်မဟာ(၁)၊ တပ်ခွဲ(၃)နယ်မြေဖြစ်သည့် ကျိုထိုနယ်၊ ပိန္နဲကုန်းရွာ၌ KNU/KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီက လေကြောင်းမှ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါတပ်ဖွဲ့ ပြောခွင့်ရသူက ပြောသည်။

“ဖြစ်စဉ်က ပိန္နဲကုန်းရွာမှာ အစည်းအဝေးလုပ်နေချိန် လေယာဉ်နဲ့ ဗုံးကြဲတာခံရတယ်။ ကျနော်တို့အဖွဲ့က ရဲဘော်နှစ်ယောက်က အထိအခိုက်မရှိပေမယ့် တခြားအဖွဲ့က ရဲဘော်တွေထိခိုက်မှုရှိတယ်”ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ပြောခွင့်ရသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှင့် စပ်လျဥ်းပြီး ကရင်အမျိုးသားအစည်းအရုံ(KNU)ဗဟိုက ထုတ်ပြန်ရာတွင် ဖေဖေါ်ဝါရီ ၁၃ရက် နံနက် ၁၀နာရီ မိနစ် ၂၀အချိန်တွင် သထုံခရိုင်၊ကျိုက်ထိုမြို့နယ်၊ပျဥ်းကတိုးကုန်းကျေးနယ် ၊ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာဝန်းကျင်သို့ စစ်ကောင်စီသည် ဂျက်ဖိုက်တာလေယာဥ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး ပြည်သူ ၁၀ဦးကျော်ထိမှန်ပြီး ၃ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

KNU တပ်မဟာ(၁)နယ်မြေအတွင်း အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ပကဖမှ ရဲဘော်တစ်ဦး၊ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပကဖမှ ရဲဘော်နှစ်ဦး စုစုပေါင်းသုံးဦးကျဆုံးကြောင်း လူထုနွေဦးက စုံစမ်းသိရသည်။

“EROs ဘက်က ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ကျန်တာတော့ ကျတော်တို့ပြောလို့ သိပ်အဆင်မပြေပါဘူး”ဟု ခရမ်းမြို့နယ် ပကဖနှင့်နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ရဲဘော်တစ်ဦးကျဆုံးခြင်းနှင့် ပတ်သက်ပြီး ဒိုက်ဦးမြို့နယ် ပကဖထံဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ရဲဘော်တစ်ဦး ကျဆုံးတာဟုတ်ပါတယ်။ ခဏနေကျရင်လည်း သတင်းထုတ်ပြန်မှာပါခင်ဗျာ”ဟု ပကဖနယ်မြေတာ ဝန်ခံက လူထုနွေဦးသို့ အတည်ပြုဖြေကြားသည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်ဖြင့် ယမန်နေ့(ဖေဖေါ်ဝါရီ ၁၃ရက်)နေ့လယ် (၁၂)နာရီ၌ တစ်ကြိမ်၊ ညနေ (၄)နာရီ (၁၀)မိနစ်ခန့်တွင် (၁)ကြိမ်လေ​ကြောင်း တိုက်ခိုက်ခဲ့ရာ ဒူးသထူခရိုင်(ကျိုက်ထိုမြို့နယ်)ကျောက်ဖျာကျေးနယ်အုပ်စု၊ ကော်ကပ်ရွာသို့ ကျရောက်ပေါက်ကွဲပြီး ကျေးရွာစာသင်ကျောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၃ ရက်က တပ်မဟာ(၁)နယ်မြေ၊ ကျိုထိုမြို့နယ်အတွင်း KNU/KNLA ဦးဆောင်၍ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းမှ မြို့နယ် ပကဖအချို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ရေးဆိုင်ရာအ စည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။