Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့အပြင်နေရာများတွင် စစ်ကောင်စီက မိုင်းများထောင်ထားပြီး ခံစစ်ပြင်နေ

မကွေးတိုင်း၊ ထီးလင်းမြို့အပြင်နေရာများတွင် စစ်ကောင်စီက မိုင်းများထောင်ထားပြီး ဘန်ကာနှင့် ကတုတ်ကျင်းများလည်း ပြန်လည်ပြင်ဆင်ကာ ခံစစ်ပြင်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီတပ် အသုံးပြုနေသည့် မြေမြှုပ်မိုင်း နှင့် ဆွဲမိုင်းများကို တွေ့ရစဥ်။ ဓာတ်ပုံ - မိုင်းမုဆိုး

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့အပြင်နေရာများတွင် စစ်ကောင်စီက မိုင်းများထောင်ထားပြီး ဘန်ကာနှင့် ကတုတ်ကျင်းများလည်း ပြန်လည်ပြင်ဆင်ကာ ခံစစ်ပြင်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) နံနက်အစောပိုင်းက ထီးလင်းမြို့အရှေ့မြောက်ဖက်ရှိ မြို့အပြင်နေရာများတွင် အင်အား ၃၀ခန့်ဖြင့် စစ်ကောင်စီက မိုင်းများထောင်ခဲ့သည်ဟု ဆိုသည်။

ထီးလင်းမြို့၏ အရှေ့မြောက်ဘက်တွင် ကွမ်းဇဲ၊အုံးထွဲ၊လက်ပန် နှင့် လုံးပေါင်း ကျေးရွာအုပ်စုများရှိသည်။

Public Service Announcement

Public Service Announcement

“ မိုင်းထောင်တဲ့ စကစတွေ ဒီနေ့ မနက် ၈နာရီလောက်မှာ မြို့ထဲကိုပြန်ဝင်လာပြီလို့ သိရတယ်။ဒေသခံတွေရော ခရီးသွားပြည်သူတွေအနေနဲ့ ထီးလင်းမြို့အနီးပတ်လည်ကို အသွားအလာဂရုစိုက်ပါ” ဟု ထီးလင်းမြို့စစ်ရေးသတင်းရင်းမြစ်ကိုမင်းဒဿက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်ကလည်း စစ်ကောင်စီက ထီးလင်းမြို့ပေါ်ကို လေကြောင်းမှ စားနပ်ရိက္ခာနှင့် ခဲယမ်းများ အားဖြည့်ထားကြောင်း သိရသည်။

“ အခုနောက်ပိုင်း စစ်ကြောင်းမထွက်ဘဲ မြို့ပေါ်မှာပဲခံစစ် သေချာပြင်နေတယ်လို့ သိရတယ်။တော်လှန်ရေးတပ်ဖွဲ့တွေက တော့ အမြန်ဆုံးအလင်းဝင်ဖို့ သတိပေး ထားတာပဲ။ဒါပေမယ့် စခ တွေဘက်ကတော့ ဝင်မယ့် ပုံမရှိပါဘူး” ဟု ထီးလင်းဒေသခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၂၀၀ဝန်းကျင်နှင့် ၎င်းတို့မိသားစုဝင်များထည့်သွင်းပါက စုစုပေါင်း ၆၀၀ခန့်သာ ကျန်ရှိတော့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့အသိပေးထားသည်။

“ ထီးလင်းကတော့ အလင်းဝင်ဖို့ ကျွန်တော်တို့ နောက် ဆုံးသတိပေးထားတယ်။စခ ဘက်က စစ်ကူနဲ့ စစ်ပြင်နေတာတော့ သူ့အပိုင်းပေါ့။ပြောလို့ရတာက ယောဒေသ မှာ တိုက်ပွဲတွေအရင်နှစ်ထက်ပို ပြင်းထန်လာလိမ့်မယ်” ဟု ယောဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

၂၀၂၃မတ်လကုန်အထိ ထီးလင်းမြို့ရှိ လူဦးရေ စာရင်းသည် ၅၁,၆၅၃ ဦးရှိပြီး ထိုအနက်မြို့ပေါ်တွင် နေထိုင်သူ ၄,၈၃၃ ဦးရှိကြောင်း စစ်ကောင်စီ၏ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်း၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ Black Dragon Force(BDF)အထူးလှုပ်ရှားတပ် တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အများပြည်သူသွားလာနေတဲ့ လမ်းတွေမှာ မိုင်းတွေထောင်ထားလို့ ပေါက်ကွဲမှုတွေ နေ့စဉ်ဖြစ်နေပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၃ရက် မနက်ပေါက်ကွဲမှုမှာ ကလေးငယ် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာစစ်တပ်က ဒီက​နေ့မနက်မှာလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ကပြောပါတယ်။

Facebook