Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့ ဘိုကုန်းရွာ လက်နက်ကြီးနဲ့ပစ်ခံရပြီး အမျိုးသမီး တစ်ဦးသေဆုံး

ဘိုကုန်းရွာ တည်နေရာကို Google Earth မှာ တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မတ္တရာမြို့ ရဲ့အနောက်တောင်ဘက် ဧရာဝတီမြစ်ဘေးအနီးက ဘိုကုန်းကျေးရွာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ဒေသခံ အချို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့စုံစမ်းသိရပါတယ်။

မနေ့ မနက်ပိုင်း ၉ နာရီ ခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ဘိုကုန်းရွာဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးကာ အခြားအမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ မတ္တရာမြို့ခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးဆီကသိရတာပါ။

သေဆုံးသူအမျိုးသမီး နဲ့ ဒဏ်ရာရအမျိုးသမီး တို့ဟာ လူလတ်ပိုင်းအရွယ်လို့ ကနဦးသိရပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ဘိုးကုန်းရွာမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘူးလို့သိရပါတယ်။

ဒီပစ်ခတ်မှုကိုတော့ မတ္တရာမြို့ပေါ် ဘောလုံးကွင်း ထဲမှာ အထိုင်ချထားတဲ့ စစ်တပ်က နေ ပစ်ခတ်တာလို့ မြို့ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်က အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး နဲ့ စစ်ကိုင်းမြို့မှာ မနေ့ညက လက်နက်ကြီးသံတွေ နေရာအနှံ့က ကြားရကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်-ရေးလမ်းပိုင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၃ဦးအပါအဝင် မိသားစုဝင် ၄ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားက ပြောသည်။

သတင်း

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်ထဲက ဝေါ်လေဗျုဟာ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်ရာမှာ ဒီနေ့ (ဇူလိုင် ၄ ရက်)မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ဝေါ်လေမြို့ပေါ် လက်နက်ကြီးကျတာကြောင့် အရပ်သားသုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ကော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်လို့ ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး နို့စို့ကလေး အပါအဝင် ၁၇ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။