Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့ ဘိုကုန်းရွာ လက်နက်ကြီးနဲ့ပစ်ခံရပြီး အမျိုးသမီး တစ်ဦးသေဆုံး

ဘိုကုန်းရွာ တည်နေရာကို Google Earth မှာ တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မတ္တရာမြို့ ရဲ့အနောက်တောင်ဘက် ဧရာဝတီမြစ်ဘေးအနီးက ဘိုကုန်းကျေးရွာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ဒေသခံ အချို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့စုံစမ်းသိရပါတယ်။

မနေ့ မနက်ပိုင်း ၉ နာရီ ခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ဘိုကုန်းရွာဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးကာ အခြားအမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ မတ္တရာမြို့ခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးဆီကသိရတာပါ။

သေဆုံးသူအမျိုးသမီး နဲ့ ဒဏ်ရာရအမျိုးသမီး တို့ဟာ လူလတ်ပိုင်းအရွယ်လို့ ကနဦးသိရပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ဘိုးကုန်းရွာမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘူးလို့သိရပါတယ်။

ဒီပစ်ခတ်မှုကိုတော့ မတ္တရာမြို့ပေါ် ဘောလုံးကွင်း ထဲမှာ အထိုင်ချထားတဲ့ စစ်တပ်က နေ ပစ်ခတ်တာလို့ မြို့ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်က အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။