Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့ ချင်းတွင်းမြစ်ဆိပ်ကို စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်

ကနီမြို့ရှိ ချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီကဖေဖော်ဝါရီလ ၁၇ရက် နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါး နှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်​ကောင်စီ ဗုံးကြဲသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-ဇင်​ယော်

ကဖေး/People’s Spring

ကနီမြို့ရှိ ချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီကဖေဖော်ဝါရီလ ၁၇ ရက် နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါး နှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မွန်းလွဲ၁နာရီ၁၅မိနစ်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲသွားခြင်းဖြစ်ပြီး မော်တော်ယဉ်သုံးစီးလည်း မီးလောင်သွားကြောင်းမြို့ခံများကပြောသည်။

“ဒဏ်ရာရတဲ့ဘုန်းကြီးကတခြားဒေသကခရီးသွားပါ။ နောက်တယောက်ကတော့ဆိပ်ကမ်းလုပ်သား။ မြေပြင်မှာ ဘာထူးခြားတာမှမရှိပါဘူး။လေကြောင်းကနေရုတ်တရက်လာပစ်သွားတာပါ” ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလ ၁၁ရက်နှင့် ဖေဖော်ဝါရီလ ၇ရက်ကလည်း ကနီမြို့နယ်အတွင်းစစ်ကောင်စီကစက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် လေကြောင်းအန္တရာယ် နှင့် စက်တပ်လေထီးအသုံးပြုတိုက်ခိုက်နိုင်သည့် ဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်ကနေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကသတိပေးပါတယ်။

ဆောင်းပါး

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။

Facebook