ကနီမြို့ရှိ ချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီကဖေဖော်ဝါရီလ ၁၇ ရက် နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါး နှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မွန်းလွဲ၁နာရီ၁၅မိနစ်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲသွားခြင်းဖြစ်ပြီး မော်တော်ယဉ်သုံးစီးလည်း မီးလောင်သွားကြောင်းမြို့ခံများကပြောသည်။
“ဒဏ်ရာရတဲ့ဘုန်းကြီးကတခြားဒေသကခရီးသွားပါ။ နောက်တယောက်ကတော့ဆိပ်ကမ်းလုပ်သား။ မြေပြင်မှာ ဘာထူးခြားတာမှမရှိပါဘူး။လေကြောင်းကနေရုတ်တရက်လာပစ်သွားတာပါ” ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
ဖေဖော်ဝါရီလ ၁၁ရက်နှင့် ဖေဖော်ဝါရီလ ၇ရက်ကလည်း ကနီမြို့နယ်အတွင်းစစ်ကောင်စီကစက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။
ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် လေကြောင်းအန္တရာယ် နှင့် စက်တပ်လေထီးအသုံးပြုတိုက်ခိုက်နိုင်သည့် ဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။
