Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းအား မုံရွာ – ချောင်းဦးလမ်းပိုင်း၌ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပဒေသာမိုင်း ၁၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Forceမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းအား မုံရွာ – ချောင်းဦးလမ်းပိုင်း၌ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပဒေသာမိုင်း ၁၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Forceမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီကျော်တွင် နမခမှ စစ်ကိုင်းမြို့ဘက် သွားရန်ထွက်လာသော သံပြားကာကားခုနစ်စီးအား ပဒေသာမိုင်း ၁၅လုံးဖြင့် သုံးပွိုင့်ခွဲ၍ မိုက်ဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းတာဝန်ရှိသူက ပြောသည်။

“ နတ်ရေကန်ဂိတ်မရောက်ခင် မုံရွာနဲ့ ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဗျ” ဟု Royal Tiger Force မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဥ်တန်းမှ တတိယမြောက်သံပြားကာကားတစ်စီး ထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီတပ် သားနှစ်ဦးသေဆုံးကာ နှစ်ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြော သည်။

ထို့နောက် မိုင်းထိမှန်ပျက်စီးသွားသော စစ်ကောင်စီ သံပြားကာကားတစ်စီးအား နတ်ရေကန်စစ်ဆေးရေးဂိတ်၌ ထားခဲ့၍ ကျန်ယာဥ်ခြောက်စီးမှာ စစ်ကိုင်းမြို့ဘက်သို့ ဆက်ထွက်သွားကြောင်း Royal Tiger Forceက ဆိုသည်။

အထက်ပါ တိုက်ခိုက်မှုကို Royal Tiger Foce ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်း ၊ တပ်ခွဲ ၃ People Defense Force ၊ Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး ယင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီများ အထိနာသည်နှင့် လမ်းဘေးဝဲရွာရှိကျေးရွာများသို့ ဝင်ရောက်၍ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများ ဖောက်ထွင်းခိုးယူခြင်းများ စစ်တပ်က လုပ်ဆောင်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး ရိက္ခာဂိုဒေါင် ၂ လုံးပါ ပျက်စီးတယ်လို့ Chindwin Rocket Brother(CRB)အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခထဲကို ဂျိုင်ရိုကော်ပတာ(Gyrocopter)တွေ ရောက်ရှိလာတယ်လို့ လေကြောင်းသတင်းစောင့်ကြည့်တဲ့ ဝေဟင်နဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။