Connect with us

Hi, what are you looking for?

သတင်း

တောင်သာ၊​အောင်​ဇေဖြိုးရွာကို စစ်​တပ်က ဗုံးကြဲလို့ ပြည်သူ ၇ ဦးဒဏ်ရာရ

တောင်သာမြို့နယ်ကပျူစောထီးရွာတိုက်ခိုက်ခံရပြီးတဲ့နောက် ညပိုင်းမှာ စစ်တပ်ကအနီးနားကကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့လွတ်​မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။

စစ်တပ်ရဲ့ တိုက်​လေယာဥ် ၂ စီး ၂၀၁၉ ခုနှစ်မှာ ​လေ့ကျင့်ပျံသန်းစဥ်။ ဓါတ်ပုံ-CINCDS

ရှိန်း/People’s Spring

တောင်သာမြို့နယ်ကပျူစောထီးရွာတိုက်ခိုက်ခံရပြီးတဲ့နောက် ညပိုင်းမှာ စစ်တပ်ကအနီးနားကကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့လွတ်​မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။

ဖေဖော်ဝါရီလ၁၉ရက်နေ့၊မနေ့က မနက်ပိုင်းမှာ တောင်သာမြို့နယ်၊ထနောင်းကုန်းပျူစောထီးရွာကိုတော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အလောင်းနဲ့လက်နက်တွေရရှိခဲ့ပြီး စစ်ကောင်စီတပ်အထိနာကာ လေကြောင်းပစ်ကူ​ပေးခုခံခဲ့တယ်။

အဲဒီနောက် ​ဖေ​ဖော်ဝါရီ ၁၉ ရက်ည ၁၁ နာရီဝန်းကျင်မှာ ထနောင်းကုန်းကျေးရွာနဲ့ ၅မိုင်အကွာက ကျားမတွင်း(ခ)အောင်ဇေဖြိုးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်၂နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ၇ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့PLAတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။

​ဖေ​​ဖော်ဝါရီ ၁၉ ရက်​​နွေ တိုက်ပွဲဖြစ်နေချိန် မှာစစ်တပ်က Mi-35နဲ့လာပစ်ချိန်မှာလည်း ထနောင်းကုန်းရွာရဲ့မြောက်ဘက်တောထဲမှာနေထိုင်တဲ့ ပြည်သူနှစ်ဦးထိမှန်သေဆုံးခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ဒါ​ကြောင့် တစ်ရက်အတွင်းမှာ စစ်တပ်​လေ​ကြောင်းကတိုက်ခိုက်မှု​ကြောင့် ၂ ဦး​သေ ၇ ဦးဒဏ်ရာရရှိခဲ့တာပါ။

တောင်သာမြို့နယ်ကို စစ်တပ်ကမကြာခဏ လေကြောင်းတိုက်ခိုက်သလို စက်တပ်​လေထီးတွေနဲ့လည်း လာရောက်ဗုံးကြဲတာတွေ မကြာခဏလုပ်တဲ့အတွက် ​ဒေသခံ ပြည်သူထိမှန်သေဆုံးမှုလည်း အများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။