Connect with us

Hi, what are you looking for?

သတင်း

မညီညွတ်ပါက သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးအင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဟု NUG ဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးအင်အားစုများ မညီညွတ်ပါက တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးကို အင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားသည်။

ဟန်နွေ/People’s Spring

တော်လှန်ရေးအင်အားစုများ မညီညွတ်ပါက တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးကို အင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားသည်။

” ဒီအခြေအနေမျိုးတွေ ထပ်ခါထပ်ခါဖြစ်မလာအောင် ကျွန်တော်တို့အားလုံး ရုန်းကန် ကျော်လွှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က သတိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ရက်က ကျင်းပစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” တော်လှန်ရေးတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှု တွေကလည်းပိုများလာ တတ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်ပြီး နိုင်ငံတကာ မျက်နှာစာပေါ်ပြန်ပြန် တက် လာတဲ့ စစ်အာဏာရှင်တွေဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ရန်သူကို အထင်ကြီးစရာ မလိုသလို အထင်လည်းသေးလို့မရပါဘူး။ သူတို့ဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေဖြစ်သလို နိုင်ငံတကာမျက်နှာစာပေါ်ကိုလည်း ရတဲ့နည်းနဲ့ တက်နိုင်ဖို့ ကြိုးစားနေကြမယ့်လူတွေ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

စစ်ကောင်စီ၏ လုပ်ဆောင်မှုများကို သတိကြီးစွာ စောင့်ကြည့်နေရန်လိုအပ်သကဲ့သို့ ပြင်ဆင်သင့်သည်များကို ကြိုတင်ပြင်ဆင်ကြရမည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

” နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက်ပဲ ဖြစ်ဖြစ်၊ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လာကြတဲ့ တော်လှန်‌ရေး အင်အားစုတွေ အတွက်ဖြစ်ဖြစ် ဒီတကြိမ်က တော့ အမြစ်ဖြတ်ရမယ့်ပွဲလို့ စိတ်ထဲမှတ်ပြီး အချိန်မဆွဲကြပဲ အားလုံးအတူတူ ရုန်းကြရမယ့် အချိန်ပဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ထို့အပြင် အချင်းချင်း မညီညွတ်ပါက ယခင်ကာလများကဲ့သို့ သွေးခွဲရေးလမ်းစဥ်ကို စစ်ကောင်စီက ကျင့်သုံးကာ တော်လှန်ရေး အင်အားချိနဲ့အောင် လုပ်ဆောင်လိမ့်မည်ဟု သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

သတင်း

ပြည်သူများဒုက္ခကြုံရမှုများပြားနေ၍ တော်လှန်ရေးအင်အားစုများ စုစည်းကာ တော်လှန်ရေးကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

သတင်း

လူတစ်ခုက အာဏာရူးပြီးစိတ်ထင်တိုင်းကြဲနေ၍ ပေးဆပ်မှုအလွန်များသည့် တော်လှန်ရေးဖြစ်နေရာများစွာ စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပြီး တော်လှန်ရေး မည်မျှပင်ခက်ခဲသည်ဖြစ်စေ ဇွဲမလျှော့ဘဲ ကြိုးပမ်းနေကြကြောင်း အသိပေးသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် အချက် ၃ချက် ကို အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။

Facebook