Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာ သုံးရွာ မီးရှို့ခံရ

မန္တလေးတိုင်း ၊ မြင်းခြံမြို့ အရှေ့မြောက် ခြမ်းက ကျေးရွာမှာ မနေ့ မတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေး အဖွဲ့တွေကြား ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံမြို့ အရှေ့မြောက် ခြမ်းက ကျေးရွာမှာ မနေ့ မတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေး အဖွဲ့တွေကြား ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

နဘူးအိုင် – မြို့သာလမ်းပိုင်းက ကျေးရွာ တွေ အနီးမှာ ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ပြီး မတ်လ ၂ ရက်အထိ တိုက်ပွဲ ဖြစ်နေတာလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် သတင်းရင်းမြစ်က အသိပေးပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် က လုံခြုံရေး ကင်းစောင့်နေတဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦးစစ်ကောင်စီတပ်ကင်းပုန်းနဲ့ တိုးပြီး ဖမ်းဆီး သတ်ဖြတ် ခံရာကနေ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်ဆုတ်ရာမှာ မြင်းခြံမြို့ပေါ် နဲ့ဆိုရင် ၇ မိုင်ခန့်သာဝေးတဲ့ ဓူဝံရွာကို ဖေဖော်ဝါရီ ၂၈ ရက်မှာ မီးရှို့သွားတယ်လို့ သိရပါတယ်။

ဒါအပြင် မတ် ၁ ရက်မှာ တူးရွင်းဘို့ရွာ ၊ မတ်လ ၂ ရက်မှာ ကျောက်ပြုတ်ရွာ တွေလည်းထပ်မံမီးရှို့ခံရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် သတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကတော့ ဓူဝံရွာ ၊ တူရွင်းဘို့ရွာ ၊ ကျောက်ပြုတ်ရွာ ၊ သစ်ရုံရွာ ၊ ကျောက်ကန်ကျေးရွာ တဝိုက်မှာ ဖြစ်ပွား တာဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ တိုက်ခိုက်ရေးရဟတ်ယာဉ် တွေ ပါ သုံးပြီး လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

” လေကြောင်းကနေ ညပိုင်းထိ တရစပ်ပစ်တာ”လို့ မြင်းခြံမြို့နယ်အတွင်း တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

လေကြောင်းရန်ကြောင့် မြင်းခြံနယ်က ကျောက်ပြုတ်၊ တူရွင်းဘို့၊ သစ်ရုံ၊ ဓူဝံ၊ကျောက်ဖြူကန်၊ ကျီးပုဂံ၊ဆိတ်ကုန်း၊ ကုက္ကဲ စတဲ့ ကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်နေကြပါတယ်။

မြေပြင်မှာလည်း စစ်ကောင်စီတပ်က တပ်မ (၉၉) အခြေစိုက်ရာ မိတ္ထီလာဘက်ကနေ မြင်းခြံမြို့ ဆီ စစ်အင်အား ဖြည့်တင်းနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။