Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းများမှ နေရပ်ပြန်ပို့ရန်ထိန်းသိမ်းထားသော တရုတ်နိုင်ငံသားများ ဆူပူမှုဖြစ်

တရုတ်အစိုးရက တရုတ်နိုင်ငဲသားများနေရပ်ပြန်ခေါ်ယူမှုကို ရက်နားထားရာမှ မတ် ၆ တွင်ပြန်စပြီး သုံးရက်အတွင်း ၁,၄၀၀ကျော်ခေါ်မည်ဟုဆို

ဒီဒီး၊ရဲခေါင်/People’s Spring

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ နေရပ်ပြန်ပို့ရန် ထိန်းသိမ်းထားသော တရုတ်နိုင်ငံသားများ ဆူပူမှုဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းပြီးနောက် တရားခံများနှင့် လူကုန်ကူးခံရသူ နိုင်ငံခြားသား ၇,၀၀၀ကျော်အား ထိန်းသိမ်းထားစဉ် တရုတ်နိုင်ငံသားများက မတ်လ ၄ရက် ညပိုင်းတွင် ဆူပူမှုပြုလုပ်ခဲ့ခြင်းဟု BGF ကဆိုသည်။

” ပြန်မခေါ်သေးလို့ ဆူပူမူတွေလုပ်တာပေါ့နော် ခဏခဏပဲ။သူတို့ကတော့ အဓိကတော့ သူတို့အစိုးရနဲ့ သက်ဆိုင်တယ်။ကျွန်တော်တို့ကတော့ အဆင့်သင့်ပဲလေ။ဒီနေ့ခေါ် ဒီနေ့ပြန်ပို့မှာပေါ့”ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်ပြီး “ပြန်မခေါ်သေးတာရယ်။နောက်တစ်ချက်က အဲဒိမိနိးကလေးကိစ္စပေါ့။ကျွန်တော်တို့က ညဘက် မီးပိတ်လိုက်ရင် ဝင်လုံးတာတွေ၊ ဘာတွေရှိတယ်လေ။မုဒိမ်းကျင့်ဖို့ဘာဖို့လုပ်တာရှိတော့ ကျွန်တော်တို့က မိန်းကလေးတွေနဲ့ ခွဲထားတယ်ပေါ့။ထားတဲ့နေရာမှာ သူတို့ကောင်မ

လေးတွေ ပါတယ်။သူတို့ကောင်မလေးနဲ့အတူတူနေရမှ အဲဒီလိုမျိုး ဆန္ဒတွေပြတယ်ပေါ့။ညက ရုန်းရင်းဆန်ခတ်ဖြစ်တော့ ကျွန်တော်တို့ဆီက တာဝန်ရှိသူသွားရှင်းတာ ကို ရင်ဘတ်တွေဘာတွေဆောင့်တွန်းတော့ ကျွန်တော်လည်း တော်တော်ထိန်းထိန်းသိမ်းသိမ်းလုပ်ရတာပေါ့”ဟု ပြောသည်။

လက်ရှိထိန်းသိမ်းများတွင် တရုတ်နိုင်ငံသား ၅,၀၀၀ကျော်ဖြင့် အများဆုံးပါဝင်ပြီး အင်ဒိုနီးရှားနှင့် အခြားနိုင်ငံခြားသားများက ၂,၀၀၀ကျော်ရှိသည်ဟုဆိုသည်။ ၎င်းတို့အား မြဝတီမြို့၌ နေရာငါးခုတွင် ခွဲ၍ ထိန်းသိမ်းထားသည်ဟု ဆိုသည်။

” ဆူပူမှုက ဟိုနေရာဒီနေရာ အကုန်ဖြစ်တယ်။သူတို့မေးတဲ့ မေးခွန်းက ကျွန်တော်တို့က ဖြေရတာမဟုတ်ဘူးလေ ။ အစိုးရပေါ်မူတည်တာပေါ့။သူတို့အစိုးရ မြန်မြန်ခေါ်မှ ကျွန်တော်တို့ဘက်က ပို့ရတာပေါ့။ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က တစ်ရက်၊ တစ်ရက်လည်း ဒီထိန်းသိမ်းရတာက မလွယ်ဘူး။သူတို့ကိုလည်း ကိုယ်ချင်းစာပါတယ်။သူတို့အိမ်သူတို့မြန်မြန်ပြန်ချင်မှာပဲလေ။ သက်ဆိုင်ရာနိုင်ငံအသီးသီးက သူတို့လူသူတို့ပြန်ခေါ်ရင်တော့ ကောင်းတယ်”ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

သို့​သော် နိုင်ငံခြားသား​ထောင်​သောင်းချီ၍ မြဝတီ​ဒေသရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရခြင်း ၊နှိပ်စက် ညှင်းပန်း ​နေခြင်း ၊ အဓမ္မ​စေခိုင်းခြင်းစသည့် ပြစ်မှုများကျူးလွန် ​နေသည်များကို BGF နှင့် DKBA တို့က ခွင့်ပြုခဲ့ပြီး ယခုမှ လူကုန်ခံရသူ အဓမ္မ​စေခိုင်းခံရသူများကို BGF ကကယ်

တင်​​စောင့်​ရှောင်​ပေးသည်ဟု ဆိုခြင်းအ​ပေါ် ​ဝေဖန်​မှုများစွာရှိ​နေသည်။ ကျားဖြန့် လုပ်ငန်းများမှ အကျိုးအမြတ်များစွာရထား၍ BGF နှင့် DKBA တွင်လည်း တာဝန်ရှိ​ကြောင်း ​​ထောက်ပြ​နေကြသည်။ သို့​သော် BGF ကမူ ​မြေငှားခြင်းသာလုပ်ပြီး ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်းမရှိ​ကြောင်းငြင်းဆိုထားသည်။

မတ်လ ၆ရက်တွင် တရုတ်အစိုးရက နေရပ်ပြန်ခေါ်ရေး ပြန်လည်ပြုလုပ်မည်ဖြစ်ပြီး ၃ရက်အတွင်း ၁,၄၀၀ကျော် ပြန်ခေါ်မည်ဟု ဆိုသည်။

လက်ရှိ ထိန်းသိမ်းထားသောနိုင်ငံခြားသား ၇,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများက အမြန်ဆုံးလာရောက်ခေါ်ဆောင်ကြရန် ကရင်နယ်ခြားစောင့်တပ်(BGF)က မတ်လ ၁ရက်တွင် ထုတ်ပြန်သည်။

နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)သည် မတရားသောလုပ်ငန်းများကို ဝင်ရောက် စီးနင်းကာ တရားခံများကို ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်းတို့ကို အားသွန် ခွန်စိုက်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဒေသအာဏာပိုင်များထံသို့ လွှဲပြောင်းခြင်းကို ဆောင်ရွက်ခဲ့သည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF)ကထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံပေါင်း (၃ဝ)ကျော်မှ နိုင်ငံခြားသား ၇,၀၀၀ကျော်ကို အခက်အခဲများကြားမှ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ပံ့ပိုးကူညီကျွေးမွေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေး အစရှိသည့် နေ့စဉ်ကိစ္စရပ်များပါမကျန် ကူညီစောင့်

ရှောက်ပေးထားကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိပါသည်ဟု BGFက ဆိုသည်။

မြဝတီမြို့အား တစ်ဖက်နိုင်ငံမှ လျှပ်စစ်မီးဖြတ်တောက်ထားခြင်း၊ စက်သုံးဆီဖြတ်တောက် ထားခြင်းနှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းတို့ကြောင့် အဆိုပါပြည်ပနိုင်ငံသားများ အပေါ် လူသားချင်းစာနာစွာ ကူညီစောင့်ရှောက်မှုလုပ်ငန်းစဉ်များတွင်လည်း အခက်အခဲဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ကမ္ဘာအရပ်ရပ်ရှိ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိနိုင်ငံသားများအား အမြန်ဆုံးလာရောက်ခေါ်ယူနိုင်ကြပါရန်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသရှိ အပြစ်မဲ့ပြည်သူများ၏ နေ့စဉ်နေထိုင်မှု ဘဝကို ထိခိုက်စေသည့် လူသားချင်းစာနာမှုကင်းမဲ့သော ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေး ပါရန်လည်း တောင်းဆိုထားသည်။ ထို့အပြင် တရားမဝင် လိမ်လည်လှည့်ဖျားသည့် လုပ်ငန်းများနှင့် လူကုန်ကူးသည့်လုပ်ရပ်များအား အစိုးရ၊ နိုင်ငံတကာနှင့် လက်တွဲဖြေရှင်းရန်အသင့်ရှိကြောင်းလည်း ထပ်မံထုတ်ပြန်ထားသည်။

ထိန်းသိမ်းထားသည့် နိုင်ငံခြားသား ၇,၀၀၀ကျော်အား နေရပ်ပြန်ခေါ်ယူရန် တရုတ်နှင့် ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်မှု မလုပ်၍ စားဝတ်နေရေးနှင့် နေထိုင်ရေးအတွက် အခက်အခဲများ ရှိနေကြောင်းလည်း BGFက ဆိုသည်။

မြဝတီဒေသ၌ လူကုန်ကူးခရသည့် တရုတ်နိုင်ငံသားများအား တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်ဖြင့် နေရပ်ပြန်ခေါ်ရာ သုံးရက်အတွင်း ၆၀၀ကျော် ခေါ်ဆောင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၀ရက်က စတင်သည့် ပထမဆုံးအသုတ်တွင် ၂၀၀ဦီး၊ ဒုတိယရက်တွင် ၃၀၀ဦးနှင့် ဖေဖော်ဝါရီ ၂၂ရက်တွင် ၁၂၁ဦး နေရပ်ပြန်ခေါ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် တရုတ်က နေရပ်ပြန်ခေါ်မှုကို ရပ်နားခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၇ရက်ကလည်း အင်ဒိုနီးရှားနိုင်ငံသား ၈၀ ကျော်ကိုလည်း ပြန်လွှဲ​ပြောင်း​ပေးခဲ့သည်ဟုဆိုသည်။

မြဝတီဒေသက ကျားဖြန့်အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက် ဝန်ကြီး Mr. Liu Zhongyiက ဖေဖော်ဝါရီ၁၇ရက်တွင် မြဝတီမြို့ကို ရောက်လာပြီး တရုတ်နိုင်ငံသားများ ပြန်လည်ခေါ်ယူရေးဆွေးနွေးပြီး သုံးရက်အကြာတွင် ပထမဆုံးအသုတ် စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မြဝတီဒေသ၌ ကျားဖြန့်လူကုန်ကူးမှုဂိုဏ်းများရှိနေတာကြောင်း ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နေရာငါးခုကို လျှပ်စစ်မီး၊ လောင်စာဆီပေးပို့မှုနှင့် ကုန်ပစ္စည်းများပါ ဖြတ်တောက်ပိတ်ဆို့ထားမှု ဖေဖော်ဝါရီ ၅ရက်က စတင်ပြုလုပ်ခဲ့သည်။

ရုပ်သံ – ပေးပို့

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ် အကောင်ရေ ၂၀၀၀ ကျော်ကို မှောင်ခို ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ် နိုင်ငံသား တစ်ဦးကို ကင်ညာ အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။

သတင်း

ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ကျားဖြန့် အဆောက်အဦးတွေကို စစ်တပ်ဝင်စီးတာဟာ ဟန်ပြလုပ်ရပ်တာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

BGF အသွင်ပြောင်းကရင်အမျိုးသားတပ်(KNA) အဖွဲ့တွေ မြဝတီမြို့ပေါ်ကနေထွက်ခွာဖို့ စစ်ကောင်စီတပ်ကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် ကျော်လွန်လာပေမယ့် မြို့ပေါ်မှာ KNA တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။