Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ စကခ (၂၁)အား KIA ပူးပေါင်းတပ် အပြင်းအထန် ထိုးစစ်ဆင်၊ ကာကင်းအချို့ တိုက်ခိုက်နိုင်ဟု သတင်းရင်းမြစ်ပြော

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အား အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ ကာကင်းအချို့ကို ယနေ့(မတ်လ ၁၀ရက်)တွင် သိမ်းပိုက်နိုင်သည်ဟု သိရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦးအား ရှေ့တန်းတနေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - KW၊ ပုံအဟောင်းအသုံးပြုထားပါသည်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အား အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ ကာကင်းအချို့ကို ယနေ့ (မတ်လ ၁၀ရက်)တွင် သိမ်းပိုက်နိုင်သည်ဟု သိရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲအား ၂၀၂၄ ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့ရာ သုံးလကျော်အကြာထိ တိုက်ပွဲပြင်းထန်နေပြီး ယခုမတ်လ ၈ရက်တွင် စကခ(၂၁)တပ်ရင်း၊ ခလရ(၄၇)တပ်ရင်းနှင့် တက္ကသိုလ်နေရာများကို တပြိုင်တည်း ထိုးစစ်ဆင်မှု ထပ်မံပြုလုပ်ခဲ့ရာ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

“ဒီနေ့ သူတို့ရဲ့ ၂၁ ဘေးနားက ကာကင်းတချို့တွေကို ပြန်ပြီး တိုက်နိုင်တာရှိတယ်လို့ ပြောတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလော ဖြစ်ပွားနေသည့် ဗန်းမော်မြို့တိုက်ပွဲ ရုပ်သံမှတ်တမ်းကိုလည်း ကချင်သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြလျက်ရှိရာ ဆီဆိုင်ဟု ယူဆရသည့် အဆောက်အဦး မီးလောင်နေပြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်။

စစ်ကောင်စီတပ်စွဲထားသည့် ဆီပန့်နေရာကို မီးရှို့လိုက်ပြီဖြစ်ကြောင်း ရုပ်သံရိုက်ကူးသူက ကချင်ဘာသာဖြင့် ပြောဆိုခဲ့ပြီး ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်များ ကျရှုံးနေပြီး အောင်မြင်မှုရရှိရန်နီးနေပြီဟု ပြောသည်။

အဆိုပါ ရုပ်သံသည် စခက(၂၁)ဌာနချုပ်အနီးအနား နေရာဟု ယူဆကြောင်း ကချင် သတင်းရင်းမြစ်က ပြောသည်။

သတင်းအချက်အလက် အချို့ရရှိထားသော်လည်း လတ်တလောပြောဆိုရန် မသင့်သေးဟုလည်း ၎င်းက ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ယနေ့နံနက်တွင် ထပ်မံ ဆက်သွယ်ခဲ့သော်လည်းအဆက်အသွယ် မရသေးပေ။

မတ်လ ၈ရက်ညပိုင်း KIA သတင်းပြန်ကြားရေးဌာန၏ ဖော်ပြချက်တွင် KIA ပူးပေါင်းတပ်က စကခ(၂၁)ဌာနချုပ်ကို မတ်လ ၈ရက် နံနက်မှစ၍ အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း အသိပေးထားသည်။

ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး သုံးလပြည့်ပြီဖြစ်ကာ စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းများစွာကို တိုက်ခိုက်သိမ်းယူထားကြောင်းနှင့် စကခ(၂၁) အပါအဝင် ဗန်းမော်မြို့ကို အပြီးအစီး သိမ်းပိုက်နိုင်ရေး အပြင်းအထန် တိုက်ခိုက်နေကြောင်း ဖော်ပြသည်။ မတ်လ ၈ရက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အဆက်အပြတ် ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားရာသာမက ပြည်သူနေထိုင်ရာနေရာများကိုပါ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ဗုံးကြဲခဲ့ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။