Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကိုင်တောင်ရွာကို စစ်တပ် ထပ်မံ လေကြောင်းတိုက်

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊စဉ့်ကိုင်တောင်ရွာကို စစ်တပ်က ဒီနေ့ မတ်လ ၂၀ ရက် မနက်ပိုင်းက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုရားစေတီတွေ ပျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ဗိုလ်ကျားကြီးတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

မတ် ၂၀ရက်​က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စဥ့်ကိုင်ရွာလယ်မှ ရှင်ပင်ဆိပ်သကြားထုဘုရားဝန်းအားတွေ့ရစဥ်။။ ဓာတ်ပုံ - ဓာတ်ပုံ-မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံ

မတ်-၂၀ ၂၀၂၅။ ရှိန်း၊အာရုဏ်ဦး /People’s Spring

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်စဉ့်ကိုင်တောင်ရွာကို စစ်တပ်က ဒီနေ့ မတ်လ ၂၀ ရက် မနက်ပိုင်းက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုရားစေတီတွေ ပျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ဗိုလ်ကျားကြီးတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

မတ်လ ၂၀ ရက်နံနက် ၉ နာရီ ၁၃ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဟာ တိုက်ပွဲမရှိဘဲ စဥ့်ကိုင်ရွာလယ်မှာတည်ထားကိုးကွယ်တဲ့ ရှင်ပင်ဆိပ်ဘုရားဝန်းကို လေကြောင်းက​နေ ဗုံး ၂ ကြိမ်ကြဲခဲ့တာလို့ ဒေသခံ​တွေက ပြောပါတယ် ။

“အရင်ကတိုက်ပွဲဖြစ်ခဲ့တဲ့ ဘုရားကုန်းပေါ်ကို ဗုံးနှစ်လုံးကြဲချသွားတာ။ ပြည်သူအထိခိုက်တော့ မရှိဘူး။ ဘုရားကျောင်းဆောင်နဲ့ စေတီတွေတော့ပျက်စီးတယ်”လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ဒေသခံတဦးကလည်း ရွာမှာ တိုက်ပွဲမရှိဘဲ စစ်​ကောင်စီက ဂျက်ဖိုက်တာ(၁)စင်းနဲ့ ၂ ကြိမ်ဗုံး တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ် ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရှင်ပင်ဆိပ်ဘုရားဝန်းအတွင်းရှိ သာသနိကအဆောက်အ အုံ​တွေ ထိခိုက်ပျက်စီးခဲ့ပါတယ် ။ဒါ​ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ​ဒေသခံက ဆက်ပြောပါတယ် ။

စဉ့်ကိုင်ရွာကို ပြီးခဲ့တဲ့ မတ်လ ၁၆ရက် ည ၁၀နာရီ ကျော်မှာလည်း တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ပြည်သူ ၄ ဦး​သေဆုံးခဲ့ပါသေးတယ်။လေကြောင်းတိုက်ခိုက်မှုမှာ နေအိမ်တွေ ပေါ်ကျပြီး အသက် ၈၀ကျော်အရွယ် အဖိုး၊အဖွား ၂ဦး၊အသက် ၃၀ကျော် အမျိုးသမီး ၁ဦး၊ ၆လသားအရွယ် ကလေးငယ် ၁ဦးစုစုပေါင်း ၄ဦး သေဆုံးခဲ့တာပါ။

ဒါ့အပြင် မတ် ၁၉ရက်ညပိုင်းကလည်း မင်းကွန်းပုထိုးတော်ကြီးအနီးကို စစ်တပ်က လေကြောင်းတိုက်ကာ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။

“ဒီလိုမျိုး စကစ ဘက်က မထင်ရင် မထင်သ လို လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတဲ့အပေါ်မှာ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိ

ပြုနေထိုင်ကြဖို့နဲ့ လိုအပ်သလိုပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်တယ်။ ကျနော်တို့အနေနဲ့လည်း စကစ ရဲ့ အခုလိုလူမဆန်တဲ့လုပ်ရန်တွေကို တစ်

နည်းတစ်ဖုံ ဟန့်တားနိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ဒေသအ ခြေစိုက် မတ္တရာမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သားငါးဦးထက်မနည်း သေဆုံးကြောင်း ဒေသခံနှင့် တာဝန်ရှိသူများက လူထုနွေဦးသို့ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ လေးနှစ်အရွယ်ကလေး အပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

သတင်း

ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်​ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။