Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲအချိန်မ​ရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်လိုက်​​ကြောင်း KNDF​ကြေညာ

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင် လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် (၂) ကမတ်လ ၂၀ရက်​နေ့ရက်စွဲဖြင့်ကြေညာသည်။

လွိုင်​ကော်-ဆီဆိုင်လမ်းပိုင်းတ​စ်​နေရာ။ ဓါတ်ပုံ-CJ

မတ်-၂၀၊၂၀၂၅။ရဲခေါင်/People’s Spring

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင် လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် (၂) ကမတ်လ ၂၀ရက်​နေ့ရက်စွဲဖြင့်ကြေညာသည်။

လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှု ရှိနေ၍ စစ်ရေးအခြေအနေအရ အချိန်မရွေးတိုက်ပွဲ ထိတွေ့မှုရှိနိုင်ကြောင်းအသိပေးထာယသည်။

ထို့ကြောင့် မတ်လ ၂၀ ရက်ကစ၍ ရက်အကန့်အသတ်မရှိ ယာဥ်ကြီး၊ယာဥ်ငယ်ဖြင့် ခရီးသွားလာခြင်းကို ခေတ္တယာယီရပ်ဆိုင်းထားပြီးလူထုလုံခြုံရေးအတွက် သတိပြုလိုက်နာရန်တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မည့်အချိန် နှင့် နေ့ရက်ကိုပြန်လည်အသိပေးမည်ဖြစ်ပြီးသတိပေးကြေညာ ချက်ကို လိုက်နာမှုမရှိပါကဖြစ်ပေါ်လာမည့်ကိစ္စများ ကို တာဝန်ယူမည်မဟုတ်ကြောင်းလည်းထုတ်ပြန်ချက်သည်။

“ဆီဆိုင်မြို့ကိုစကစဘက်ကခုရက်ပိုင်းအင်အားအလုံးအရင်းဖြည့်နေတယ်။နောင်ထော်ဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတာတွေလည်း ရှိသေးတယ်။ဆီဆိုင်-လွိုင်ကော်လမ်းကနေပဲ ကရင်နီဘက်ကို ဝင်မှာလား။တပ်အချိန်းအပြောင်းလုပ်တာလား။ဒါမှမဟုတ် အင်အားထပ်တိုးတာလည်းဖြစ်နိုင်တယ်”ဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

ရှမ်းပြည်တောင်ပိုင်းမှကရင်နီပြည်နယ်သို့ဝင်ရောက်နိုင်သည် လမ်းမနှစ်ခုအနက်ဆီဆိုင်-လွိုင်ကော် နှင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းတို့ရှိပြီး လက်ရှိတွင်မိုးဗြဲ မြို့တွင်တိုက်ပွဲပြင်းထန်နေသည်။

“တောင်ကြီး နဲ့ ညောင်ရွှေဘက်ကနေ လိုင်းကားတ ချို့ဆွဲနေတာရှိသလို လွိုင်ကော်ကို အသွားအလာလုပ်နေတဲ့သူတွေရှိတယ်”ဟု ကရင်နီဒေသခံတစ်ဦးက ဆီဆိုင်-လွိုင်ကော်လမ်းမကြီး အသုံးပြုနေမှုနှင့်ဆက်စပ်၍ လူထုနွေဦးသို့ရှင်းပြသည်။

ဆီဆိုင်မြို့ရှိ စစ်တပ်စခန်းများ၊တပ်ရင်းများ၊ပြည်သူ့စစ်စခန်းများကို PNLA ( ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် )နှင့်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်၍ ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းက ခတ္တထိန်းချုပ်နိုင်ခဲ့ဖူးသည်။

စစ်ကောင်စီဘက်က လေကြောင်း၊လက်နက်ကြီး ပစ်ကူနှင့် မြေပြင်ထိုးစစ်များအသုံးပြုခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လနောက်ဆုံးပတ်တွင် PNLAနှင့်ပူးပေါင်းတပ်များက ဆီဆိုင်မြို့မှ ဆုတ်ခွာပေးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။