Connect with us

Hi, what are you looking for?

သတင်း

အုတ်တွင်းမြို့နယ်၌ စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်၍ ပြည်သူ တစ်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊တောင်ငူခရိုင် ၊အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂)က ယနေ့ (မတ်လ ၂၃ရက်) သတင်းထုတ်ပြန်သည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်၍ နေအိမ်မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်

မတ် ၂၄၊ ၂၀၂၅။ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂)က ယနေ့ (မတ်လ ၂၃ရက်) သတင်းထုတ်ပြန်သည်။

မတ်လ ၂၂ရက်နှင့် ၂၃ ရက်တွင် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖော်ဆောင်ခြင်းမရှိ၊ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်လာခြင်းဖြစ်ဟု ဖော်ပြသည်။ တိုက်ခိုက်ခံရသည့် ကျေးရွာ၏ အမည်ကို ဖော်ပြမထားဘဲ တိုက်ခိုက်ခံရ၍ နေအိမ် မီးလောင်မှု၊ ပြည်သူ ထိခိုက်မှု ရုပ်သံကို ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်ခံရ၍ အရပ်သား တစ်ဦး သေဆုံးပြီး ပြည်သူ ၇ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း၊နေအိမ် ၇လုံး ပျက်စီးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တပ်ရင်း(၃၅၀၂)က ထုတ်ပြန်သည့်ရုပ်သံတွင် ထိခိုက်သူများအား ကယ်ဆယ်ရေးလုပ်ဆောင်နေမှုကို တွေ့ရသည်။

ထို့ပြင် သေဆုံးသူ အမျိုးသားတစ်ဦးအနီးတွင် မိခင်အပါအဝင်မိသားစုဝင်များ ငိုယိုနေသည်ကိုလည်း တွေ့ရသည်။

“စခတွေချတဲ့ ဒရုန်းနဲ့ ကျနော်တို့ ပြည်သူတစ်ယောက် ပေးဆပ်လိုက်ရတယ်”ဟု အမျိုးသားတစ်ဦး၏ ပြောဆိုသံကိုလည်း ကြားရသည်။

“သူတို့က ပုံမှန်ဆို စစ်ကြောင်းထိုးပြီး ရွာက ပစ္စည်းတွေကို ကားတွေနဲ့တင်ပြီး ယူနေကြပါ။ လက်နက်ကိုင် ဓားပြ တွေပါ။ ခုလို ပြည်သူ့ကို အကြောင်းမဲ့ တိုက်ခိုက် သတ်ဖြတ်လေလေ စကစ နိဂုံး နီးလာလေလေပါပဲဗျ”ဟု PDF တပ်ရင်း(၃၅၀၂)ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တပ်ရင်း(၃၅၀၂)နှင့် ပူးပေါင်းတပ်များသည် မတ်လ ဒုတိယပတ်အတွင်းက ရန်ကုန် – မန္တလေးလမ်းဟောင်းအနီး အုတ်တွင်းမြို့နယ် ကျောက်တိုင်ရွာ၌ တပ်စွဲထားသည့် စ်စကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ကျောက်တိုင်ရွာကို အင်အားဖြည့်တင်းထားသည်ဟု တပ်ရင်း(၃၅၀၂) ပြန်ကြားရေးတာဝန်ခံက မတ်လ ၁၉ရက်တွင် ပြောထားသည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ရောနှောနေထိုင်ခြင်းမပြုရန်၊ စစ်ကောင်စီ၏ လူသစ်စုဆောင်းမှု ခံရပါက ထွက်ပြေးနိုင်ရေး ကြိုးစားရန် တပ်ရင်း(၃၅၀၂) ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ တောကြောင်ပေါက်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းအသုံးပြု ဗုံးသီးချ တိုက်ခိုက်ခဲ့၍ ကလေးငယ် (၂) ဦးအပါအဝင် အရပ်သား ပြည်သူ (၆)ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ရခိုင်ပြည််နယ် နှင့် မကွေးတိုင်းချိတ်ဆက်ထားသည့် အမ်း-ပဒါန်းလမ်းမှ နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်စခန်းတိုက်ပွဲကို ပစ်ကူရန်လာသည့် စစ်ကောင်စီ၏ ဒရုန်းနှစ်စင်းကို အာရက္ခတပ်တော်(AA)က မတ် ၂၅ရက်တိုက်ပွဲတွင်ပစ်ချနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

ထိုင်း - မြန်မာ နယ်စပ်က ခြေကုပ်စခန်းကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ (မတ်လ ၁၈ရက် ) မနက်ပိုင်းအစောပိုင်း ၃ နာရီကျော်က ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟိုဌာနချုပ်ကို ဒရုန်းနဲ့ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ KNU တပ်မဟာ (၇)...

သတင်း

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အုပ်ကြီးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း အုတ်တွင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ယနေ့(ဇန်နဝါရီ ၁၉ ရက်)တွင် အသိပေးထုတ်ပြန်သည်။