Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃) နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးက ​လူထုနွေဦးသို့ ပြောသည်။

နတ်စစ်သည်တပ်ဖွဲ့ မှ ရဲဘော်များအား တွေ့ရစဉ်

မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃) နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးက ​လူထုနွေဦးသို့ ပြောသည်။

မတ်လ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် အင်အား ၇၀ခန့်ဖြင့် နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ခွဲမှူးက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ နှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်ပြန်မဆုတ်သေးဘဲ လယ်မအင်းကျေးရွာအနီးဆက်လက်တပ်စွဲကာ ယင်းနေ့(မတ်လ ၂၄ ရက်)ည ၇နာရီတွင် လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းကွင်းအတွင်းရောက်ရှိလာရာ ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည် နတ်စစ်သည်တပ်ဖွဲ့က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦး ထပ်မံသေဆုံးပြီး လယ်မအင်းကျေးရွာမှတဆင့် ပျဥ်ပုံကျေးရွာဘက်သို့ ရန်သူ့စစ်ကြောင်း တပ်ပြန်ဆုတ်သွားကြောင်း နတ်စစ်သည်တပ်ခွဲမှူးက အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုအခြေအနေအပြည့်အစုံကို လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“ရန်သူစစ်ကြောင်း ပြန်ဆုတ်သွားချိန် ဒီကနေ့ (မတ်လ ၂၅)မှာ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟု လက်ရှိအခြေအနေကို နတ်စစ်သည်တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

နတ်တလင်းမြို့နယ်နှင့် နယ်မြေချင်းထိစပ်လျှက်ရှိသော ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ စမ်းမအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက် ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပြည်သူနှစ်ဦးသေဆုံး၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၆ဦးသေကာ လက်နက် ၂လက် ရတယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ခြေကုပ်ယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တပ်ကူအဖွဲ့တွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။