Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃) နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးက ​လူထုနွေဦးသို့ ပြောသည်။

နတ်စစ်သည်တပ်ဖွဲ့ မှ ရဲဘော်များအား တွေ့ရစဉ်

မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃) နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးက ​လူထုနွေဦးသို့ ပြောသည်။

မတ်လ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် အင်အား ၇၀ခန့်ဖြင့် နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ခွဲမှူးက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ နှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်ပြန်မဆုတ်သေးဘဲ လယ်မအင်းကျေးရွာအနီးဆက်လက်တပ်စွဲကာ ယင်းနေ့(မတ်လ ၂၄ ရက်)ည ၇နာရီတွင် လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းကွင်းအတွင်းရောက်ရှိလာရာ ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည် နတ်စစ်သည်တပ်ဖွဲ့က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦး ထပ်မံသေဆုံးပြီး လယ်မအင်းကျေးရွာမှတဆင့် ပျဥ်ပုံကျေးရွာဘက်သို့ ရန်သူ့စစ်ကြောင်း တပ်ပြန်ဆုတ်သွားကြောင်း နတ်စစ်သည်တပ်ခွဲမှူးက အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုအခြေအနေအပြည့်အစုံကို လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“ရန်သူစစ်ကြောင်း ပြန်ဆုတ်သွားချိန် ဒီကနေ့ (မတ်လ ၂၅)မှာ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟု လက်ရှိအခြေအနေကို နတ်စစ်သည်တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

နတ်တလင်းမြို့နယ်နှင့် နယ်မြေချင်းထိစပ်လျှက်ရှိသော ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ စမ်းမအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက် ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပြည်သူနှစ်ဦးသေဆုံး၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များ၏တိုက်ခိုက်ခံရမှုကြောင့် အထိနာပြီး ပြန်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဧပြီ ၁၃ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

အင်း​တော်မြို့သိမ်းတိုက်ပွဲသို့ စစ်ကူသွား​သော စစ်တပ် စစ်​ကြောင်းကိုမတ်လ ၁၅ ရက်က အင်းတော်-ကသာလမ်း တစ်​နေရာတွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်​ကြောင်းပျက်သွား ပြီးလက်နက် (၅၄) လက် သိမ်းဆည်းရရှိခဲ့သည်။

သတင်း

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာမှာ ရက်သတ္တပတ် သုံးပတ်တာကာလအတွင်း ဒေသခံပြည်သူ ၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့အချို့ ထံကနေ သိရပါတယ်။