Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်း ရန်ကုန် – မန္တလေးလမ်းပိုင်းတွင် PDF ရဲဘော်များ ယနေ့ စစ်ဆေးရေးလုပ်

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၃)တပ်ဖွဲ့ဝင်များက ယနေ့ (မတ်လ ၂၇ရက်)တွင် စစ်ဆေးရေးဆောင်ရွက်နေသည့် မှတ်တမ်း ဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

ရန်ကုန် - မန္တလေးလမ်းပိုင်းတွင် PDF ရဲဘော်များ ယနေ့ စစ်ဆေးရေးလုပ်နေစဉ်။ ဓာတ်ပုံ - MOD

မတ်-၂၇၊၂၀၂၅။ဟန်နွေ/People’s Spring

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၃)တပ်ဖွဲ့ဝင်များက ယနေ့ (မတ်လ ၂၇ရက်)တွင် စစ်ဆေးရေးဆောင်ရွက်နေသည့် မှတ်တမ်း ဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

ယနေ့ (မတ်လ ၂၇ရက်)သည် စစ်ကောင်စီက တပ်မတော်နေ့အမည်ဖြင့် အခမ်းအနား ကျင်းပနေသည့် နေ့ဖြစ်သည်။ လမ်းပိုင်း စစ်ဆေးမှု နေရဒေသ အသေးစိတ် အခြေအနေများကို ဖော်ပြမထားသော်လည်း လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များအား ရဲဘော်များက စစ်ဆေးနေမှု ဓာတ်ပုံများကို ဖော်ပြထားသည်။

PDFနှင့် မဟာမိတ်များသည် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော ဂိတ်စခန်းများကို ဖေဖော်ဝါရီလကုန်ပိုင်းက တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းခဲ့သည်။ ဖေဖော်ဝါရီ ၂၅ရက်နှင့် ၂၆ရက်များက ဆင်နွှဲခဲ့သည့် အဆိုပါ စစ်ဆင်ရေး၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

PDF အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်သူများ စစ်ကောင်စီ တပ်များ ၊ဂိတ်စခန်းများ အနီး မလိုအပ်ဘဲ သွားရောက်ခြင်း မပြုရန်လည်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

လက်ရှိ အခြေအနေတွင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDFနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ အနေဖြင့် မဟာဗျူဟာလမ်းများစွာကို စိုးမိုး ထိန်းချုပ်ထားနိုင်ပြီဖြစ်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ ဖော်ပြချက်၌ အသိပေးထားသည်။ မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း၊ မန္တလေး-မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြ၀တီလမ်း၊ မုံရွာ- ကလေး- တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်း၊ ရန်ကုန်-မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း များကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။