Connect with us

Hi, what are you looking for?

သတင်း

လျှပ်စစ်မီးတွေပြတ်နေပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ကျနေ

ငလျင်ဒဏ်ကြောင့် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး ဖုန်း၊ အင်တာနက်‌ တွေလည်း လိုင်းကျနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နောက်ဆက်တွဲငလျင်အန္တရာယ်ကြောင့် ယာယီတဲတွေမှာ နေနေကြတဲ့ မန္တလေးမြို့ခံအချို့ (ဓာတ်ပုံ- မြို့ခံတစ်ဦး)

ဆဏ်း/People’s Spring

ငလျင်ဒဏ်ကြောင့် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး ဖုန်း၊ အင်တာနက်‌ တွေလည်း လိုင်းကျနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ငလျင်လှုပ်ပြီးကတည်းက မီးကမလာတော့တာ။ ဖုန်းတွေလည်းကောင်းကောင်းခေါ်မရဘူး။ ဝိုင်ဖိုင်တွေတော့ရသေးတယ်” ဟု မတ် ၂၈ ငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီး ရန်ကုန်ဒေသခံတစ်ဦးကပြောပါတယ်။

ရန်ကုန်အပါအဝင်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးပျက်နေတာဖြစ်ပြီး ည ကိုးနာရီကျော်သည်အထိ မီးမလာသေးဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန် လျှပ်စစ်ဓာတ်အား‌ ပေးရေးကော်ပိုရေးရှင်းက ငလျင်ဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာကြေညာခဲ့ပါတယ်။

ပြည်မြို့မှာဆိုရင်လည်း ငလျင်လှုပ်တဲ့ အချိန်ကတည်းက မီးတွေပျက်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့မှာ အလှည့်ကျ မီးပေးစနစ်ကြောင့် တချို့မြို့နယ်တွေမှာ နံနက် ၅ နာရီကတည်းက မီးပျက်ပြီး ပြန်မလာတော့တာလို့ ဒေသခံတွေကဆိုပါတယ်။

လှိုင်မြို့နယ်လျှပ်စစ်ရုံးက လေးနာရီလောက်သာမီးပျက်မယ်လို့ ကြေညာထားပေမယ့် ည ၉ နာရီခွဲအထိ မီးမလာသေးဘူးလို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

“ငလျင်လှုပ်ပြီးတဲ့ အချိန်ကတည်းက ဖုန်းလိုင်းတွေပျက်သွားတာ။ မန္တလေးက အသိတွေဆီကို ဖုန်းဆက်တာ အခုထိမရသေးဘူး” လို့ ရန်ကုန်ဒေသခံတစ်ဦးကပြောပါတယ်။

ဖုန်းတွေ ခေါ်လို့မရပေမယ့် ဝိုင်ဖိုင်တွေတော့ သုံးလို့ရနေသေးတယ်လို့ ၎င်းက‌ဆိုပါတယ်။ မန္တလေးမှာ မိုင်တဲဖုန်းလိုင်းတွေတော့ သုံးလို့ရနေတာလည်းရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

Facebook