Connect with us

Hi, what are you looking for?

သတင်း

ဖုန်းအား ပတ်သွင်းကြရသူတွေ

တစ်ရက်ကို နာရီပိုင်းပဲ လာတဲ့ လျှပ်စစ်မီးကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေ အလုပ်တစ်ခုပိုလာခဲ့ပါတယ်။

မတ် -၃၁ ၊၂၀၂၅။ ရောင်နီ / People’s Spring

တစ်ရက်ကို နာရီပိုင်းပဲ လာတဲ့ လျှပ်စစ်မီးကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေ အလုပ်တစ်ခုပိုလာခဲ့ပါတယ်။

အရင်က မီးမလာရင် ထမင်း၊ ဟင်းချက်ဖို့ ရေတင်ဖို့သာ စိတ်ပူရပေမယ့် အခုကာလမှာတော့ ဖုန်းအားသွင်းဖို့ အလုပ်ပိုလာတာပါ။

ပြီးခဲ့တဲ့ရက်ကလှုပ်ခဲ့တဲ့ ငလျင်က နိုင်ငံတော်ဓာတ်အားပေးစနစ်ကိုထိခဲ့တာကြောင့် တချို့နေရာတွေမှာ လျှပ်စစ်မီးက နှစ်ရက်နီးပါးပျက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင် တချို့ဆိုင်တွေက သူတို့ဆိုင်ဖွင့်ချိန်တွေမှာဖုန်းအားသွင်းဖို့အတွက်စီစဉ်ပေးခဲ့ပါတယ်။

လှည်းတန်း အင်းစိန်လမ်းမပေါ်က ကာဗာနန်းတော်ဆိုင်မှာဆိုရင် နံနက် ၁၀ နာရီလောက်ကတည်းက ဖုန်းအားလာသွင်းသူတွေစည်ကားနေတာပါ။

ဒီလိုနေရာတွေတင်မဟုတ်ပါဘူး။ ဈေးဝယ်စင်တာတွေမှာဆိုရင်လည်း ဖုန်းအားသွင်းဖို့ လုပ်ပေးထားတဲ့ နေရာတွေမှာ စည်ကားနေပါတယ်။

လှည်းတန်းစင်တာမှာဆိုရင် လှေခါး အတက်အဆင်းမှာရှိတဲ့ ပလက်ပေါက်ကနေ မီးခုံတွေနဲ့ကို အားသွင်းနေကြတာပါ။

တချို့တွေဆို စင်တာတွေရဲ့ တိုင်အောက်ခြေမှာရှိတဲ့ မီးခုံမှာ ဖုန်းထိုးပြီး ထိုင်စောင့်နေရတာတွေ့ရပါတယ်။

M Tower မှာတော့ ထမင်းစားတန်းမှာ မီးပလက်ပေါက်တွေ နေရာတော်တော်များများလုပ်ပေးထားလို့ ပိုအဆင်ပြေပါတယ်။

စားပွဲခုံတိုင်းလိုလိုမှာ ပလက်ပေါက်တွေရှိတာကြောင့် စားရင်းသောက်ရင်း အိန္ဒြေမပျက် အားသွင်းလို့ရတာပါ။

ဒီရက်ပိုင်း ဖုန်းဆိုင်တွေမှာလည်း ပါဝါဘန့် အဝယ်လိုက်နေတယ်လို့ ဆိုင်တွေကနေ သိရပါတယ်။

လျှပ်စစ်မီးက ငလျင်လှုပ်ပြီး နောက်တစ်နေ့ မတ် ၂၉ ကနေစတင်ပြီး ရန်ကုန်မြို့က Gas Turbine တွေကနေ အလှည့်ကျစနစ်နဲ့တစ်ရက်ကို လေးနာရီ ပေးနေတာပါ။ တခြားမြို့တွေ‌ကတော့ မီးကိုမမြင်ရတာပါ။

ဒီနေ့မှာ‌တော့ နိုင်ငံတော် ဓာတ်အားစနစ်ကနေ မီးပြန်ပေးနိုင်လို့ဆိုပြီး တချို့နေရာတွေမှာ မီးနည်းနည်းပိုရတာပါတယ်။ အချိန်နည်းနည်းတိုးပေးနိုင်တယ်လို့ လျှပ်စစ်ရုံးတချို့က အသိပေးထားပြီး တစ်ရက်ကို ဘယ်လောက်တိုးပေးမယ်ဆိုတာတော့ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

အရင်က ရန်ကုန်မြို့မှာ ခရိုင်လေးခုအနက် အနောက်ပိုင်းခရိုင်တစ်ခုပဲ လေးနာရီ မီးပေး လေးနာရီမီးပျက် စနစ်နဲ့‌မီးပေးနေတာဖြစ်ပြီး ကျန်တဲ့ခရိုင်တွေကတော့ လေးနာရီမီးပေး ရှစ်နာရီ မီးဖြတ်စနစ်နဲ့ မီးပေးနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့မှာလျှပ်စစ်ဓါတ်အားပြတ်တောက်​နေတာတစ်ပါတ်ကျော်ကြာလာလို့ အခက်အခဲဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မဟာဓါတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးလို့ ပခုက္ကူအပါအဝင် မြို့နယ်လေးခုမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။