Connect with us

Hi, what are you looking for?

သတင်း

ဘင်းစတပ်ညီလာခံမှာ မင်းအောင်လှိုင်ကို လူကိုယ်တိုင် တက်ရောက်ခွင့် မပေးဖို့ ထိုင်းအစိုးရကို ပါမောက္ခတစ်ဦး အကြံပြု

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) ထိပ်သီး ညီလာခံကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူကိုယ်တိုင် တက်ရောက်ဖို့ ထိုင်းအစိုးရ အနေနဲ့ ခွင့်မပြုသင့်ကြောင်း သာမာဆတ် တက္ကသိုလ် လက်ထောက် ပါမောက္ခ တစ်ဦးက ထောက်ပြခဲ့ပါတယ်။

People’s Spring

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) ထိပ်သီး ညီလာခံကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူကိုယ်တိုင် တက်ရောက်ဖို့ ထိုင်းအစိုးရ အနေနဲ့ ခွင့်မပြုသင့်ကြောင်း သာမာဆတ် တက္ကသိုလ် လက်ထောက် ပါမောက္ခ တစ်ဦးက ထောက်ပြခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်အနေနဲ့ မင်းအောင်လှိုင်ကို BIMSTEC ထိပ်သီး ညီလာခံမှာ လူကိုယ်တိုင် တက်ရောက်စေမယ့်အစား အွန်လိုင်းကနေ ချိတ်ဆက် ပါဝင်စေတာမျိုးကသာ ပိုပြီး အကျိုးရှိလိမ့်မယ်လို့ လက်ထောက် ပါမောက္ခ ဒူလ်ယာပက်ခ် ပရီချာရုရှ်က ထောက်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံကို လာရောက်ချင်တဲ့ မင်းအောင်လှိုင်ရဲ့ ဆန္ဒအမှန်ဟာ မတရား အာဏာသိမ်းထားတဲ့ သူ့ရဲ့ ရပ်တည်မှုကို နိုင်ငံတကာက လက်ခံတဲ့ အခြေအနေ ရောက်လာစေဖို့သာ ဖြစ်လိမ့်မယ်လို့ ဒူလ်ယာပက်ခ်က ဆိုပါတယ်။ ဝန်ကြီးချုပ် ဖေထောင်ထန် အနေနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီကို နီးနီးကပ်ကပ် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း မရှိဘဲ သံတမန်ရေးအရ စည်းတစ်ခု ခြားထားတဲ့ လက်ရှိ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားသင့်တယ်လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်နဲ့ လူချင်းတွေ့တာ၊ တိုက်ရိုက် ဆက်ဆံပြောဆိုတာတွေက ထိုင်းအစိုးရဟာ စစ်ကောင်စီကို အသိအမှတ် ပြုပါတယ် ဆိုတာမျိုး ပုံဖော်ခံရတာမျိုး ဖြစ်သွားနိုင်တယ်လို့လည်း ဒူလ်ယာပက်ခ်က ထောက်ပြသွားပါတယ်။

မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကို ပိုမိုနီးကပ်စေမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်နိုင်မှာ ဖြစ်ပေမယ့် စစ်ကောင်စီအပေါ် ခါးခါးသီးသီး မုန်းတီးနေတဲ့ မြန်မာပြည်သူတွေရဲ့ ဝေဖန်ရှုတ်ချမှုကို ထိုင်းအစိုးရ ကြုံရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဒူလ်ယာပက်ခ်က ထိုင်းအစိုးရ အနေနဲ့ BMISTEC ထိပ်သီး ညီလာခံကို အကောင်းဆုံး အသုံးချပြီး အရှေ့တောင်အာရှနဲ့ အာရှတောင်ပိုင်း ဒေသတွေကြား ပေါင်းကူးဆက်ဆံမှုတွေကို မြှင့်တင်ဖို့၊ မြန်မာ့ငြိမ်းချမ်းရေး ကဏ္ဍအတွက် ပိုမိုနက်ရှိုင်းတဲ့ အခန်းကဏ္ဍမျိုးကနေ ပါဝင်နိုင်ဖို့ လုပ်ဆောင်သင့်ကြောင်းလည်း တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား-Thai Enquire

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook