Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်က ရွှေတူးမှုတွေကြောင့် နမ့်ခုတ်မြစ်ရေထဲမှာ အာဆင်းနစ်ဓာတ် လွန်ကဲနေတယ်လို့ ထိုင်းပြော

မြန်မာဖက်က အလွန်အကျွံ ရွှေတူးဖော်မှုတွေကြောင့် နမ့်ခုတ် (ကော့ခ်) မြစ်ထဲမှာ အာဆင်းနစ် အဆိပ်အတောက် ဓာတ်သတ္တု ပါဝင်မှု လွန်ကဲနေပြီး မြစ်ရေကို မသောက်သုံးဖို့ ထိုင်းဖက်မှာ ညွှန်ကြားထားပါတယ်။

မြန်မာဖက်က အလွန်အကျွံ ရွှေတူးဖော်မှုတွေကြောင့် နမ့်ခုတ် (ကော့ခ်) မြစ်ထဲမှာ အာဆင်းနစ် အဆိပ်အတောက် ဓာတ်သတ္တု ပါဝင်မှု လွန်ကဲနေပြီး မြစ်ရေကို မသောက်သုံးဖို့ ထိုင်းဖက်မှာ ညွှန်ကြားထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ချင်းမိုင်နဲ့ ချင်းရိုင် ဒေသတွေထဲမှာ သောက်သုံးရေအတွက် မှီခိုနေရတဲ့ နမ့်ခုတ်မြစ်ဟာ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်ဖက်ကနေ စီးဆင်းလာခဲ့တာပါ။ အခုလို အာဆင်းနစ် အဆိပ်ဓာတ်တွေ လွန်လွန်ကဲကဲ ရောပါနေတာဟာ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ထဲက ရွှေတူးဖော်မှုတွေကြောင့်လို့ ယုံကြည်ရပါတယ်။

ချင်းမိုင်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ညစ်ညမ်းမှု တိုက်ဖျက်ရေးရုံး ညွှန်ကြားရေးမှူး အာဗီရာ ပါခါမတ်က မယ်အိုင် ဧရိယာ တဝိုက်မှာရှိတဲ့ နမ့်ခုတ်မြစ်ရေကို စမ်းသပ် စစ်ဆေးကြည့်တဲ့အခါ အာဆင်းနစ် ဓာတ်ဟာ ဘေးကင်းတယ်လို့ သတ်မှတ်နိုင်တဲ့ ပမာဏထက် နှစ်ဆ မြင့်တက်နေတာကို တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။

ဘေးကင်းတယ်လို့ သတ်မှတ်တဲ့ အာဆင်းနစ် ပါဝင်မှုဟာ ရေတစ်လီတာအတွက် ၀.၀၁ မီလီဂရမ် ဖြစ်ပေမယ့် နမ့်ခုတ် မြစ်ရေထဲမှာတော့ ရေတစ်လီတာကို အာဆင်းနစ် ၀.၀၂၆ မီလီဂရမ်ထိ ရောပါနေတယ်လို့ အာဗီရာက ရှင်းပြပါတယ်။ နောက်ပြီး မြစ်ရေဟာ အရင်က အခြေအနေထက် ၉ ဆလောက် ပိုပြီး နောက်ကျိနေတယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဆင်းနစ်ဓာတ် လွန်ကဲနေတဲ့ မြစ်ရေကို သောက်တာ ချိုးတာတွေဟာ ဝမ်းဗိုက်နာကျင်တာ၊ အရေပြား ယားယံတာနဲ့ တခြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ကြောင်းလည်း အာဗီရာက သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အဆိုအရ ၂၀၂၀ ပြည့်နှစ်ထိ ရှမ်းပြည်နယ်ထဲမှာ အကြီးအကျယ် ရွှေတူးတာတွေ မရှိခဲ့ဘဲ အဲဒီနောက်မှာတော့ တရုတ် ကုမ္ပဏီတွေ ရောက်လာပြီး အထိန်းအကွပ်မဲ့ ရွှေတူးဖော်မှုတွေကို စတင်လာခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ နမ့်ခုတ်မြစ် တကြောမှာ တရုတ် ကုမ္ပဏီ အနည်းဆုံး ၄ ခုဟာ လုပ်သား အင်အား ၃၀၀ ဝန်းကျင်ကို အသုံးပြုပြီး နေ့ရောညပါ ရွှေတူးနေတယ်လို့ ဆိုပါတယ်။

ရွှေတူးတဲ့ အခါမှာလည်း ရေစအမှုန်အမွှားတွေ ပါဝင်တဲ့ မြေသားတွေကို မြစ်ထဲက ဆယ်ယူပြီးတဲ့နောက် ဓာတု ပစ္စည်းတွေနဲ့ ထိတွေ့စေတဲ့ နည်းတွေနဲ့ ရွှေမှုန်တွေကို ခွဲထုတ်ယူပြီး အဲဒီရေတွေကို ပြန်လည် သန့်စင်တာမျိုး မလုပ်ဘဲ မြစ်ထဲ တိုက်ရိုက် စွန့်ပစ်တာမျိုး ဖြစ်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောကြားထားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook