Connect with us

Hi, what are you looking for?

သတင်း

ထိုးစစ်ထပ်မံရပ်ဆိုင်းထားသည့် လာမည့်တပတ်အတွင်း ငလျင်ဘေးကူညီရေးအဖွဲ့များအား အကူအညီနှင့်ကာကွယ်မှုပေးရန် NUG ကာကွယ်ရေး ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို ဧပြီ ၁၃ရက်မှ ၂၀ရက်အထိ တပတ်ကြာ ဆက်လက်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး အဆိုပါ ကာလအတွင်း ငလျင်ဘေးကူညီရေး အဖွဲ့များအား လိုအပ်သည့်အကူအညီပေါ်ရန်၊ ကာကွယ်စောင့်ရှောက်မှုပေးရန် ညွှန်ကြားချက် ထုတ်ပြန်သည်။

NUG​၏ ရဲဘော်များက ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းပေးနေစဉ်။ ဓာတ်ပုံ - NUG

ဧပြီ ၁၂၊၂၀၂၅။ ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို ဧပြီ ၁၃ရက်မှ ၂၀ရက်အထိ တပတ်ကြာ ဆက်လက်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး အဆိုပါ ကာလအတွင်း ငလျင်ဘေးကူညီရေး အဖွဲ့များအား လိုအပ်သည့်အကူအညီပေါ်ရန်၊ ကာကွယ်စောင့်ရှောက်မှုပေးရန် ညွှန်ကြားချက် ထုတ်ပြန်သည်။

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုးမှု ကြီးမားခဲ့သော မြန်မာပြည်သူများအား နှစ်သိမ့်အားပေးမှု ပြုနိုင်ရန်ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ၁၃ ရက်မှ ၂၀ရက်အထိ ကာလကို “နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် သတ်မှတ်ထားရာ အဆိုပါ ကာလ၌ပင် ထိုးစစ်များ ရပ်ဆိုင်းရန် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

NUG အနေဖြင့် မတ်လ ၂၈ရက် စစ်ကိုင်း ငလျင်ဘေးကြုံရပြီးနောက် ခုခံကာကွယ်မှုမှ အပ ထိုးစစ်အားလုံးကို မတ်လ ၃၀ရက်မှ ဧပြီ ၁၂ရက်အထိ ပထမအကြိမ် အပစ်ရပ်ကြေညာခဲ့ရာ အဆိုပါ အပစ်ရပ်ကြေညာမှု သက်တမ်းကုန်ဆုံးပြီဖြစ်သော ယနေ့တွင် နောက်ထပ် တပတ်ကြာ အပစ်ရပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လာမည့်ရက်သတ္တပတ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ဆက်လက် ရပ်ဆိုင်းထားရန်နှင့် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲများအား လိုအပ်သောအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် အထူးညွှန်ကြားချက် ညွှန်ကြားထားပြီးဖြစ်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များက ယခုကာလ၌ အပစ်ရပ်စဲရေး ကြေညာထားသကဲ့သို့ စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၂၂ရက်နေ့အထိ အပစ်ရပ်စဲရေး ကြေညာထားသည်။ သို့သော် စစ်ကောင်စီ အနေဖြင့် ငလျင်ဘေးဒဏ်သင့် ဒေသမှ ပြည်သူများ အပါအဝင် နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်း။ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများကြောင့် ငလျင်ဘေးပြီးနောက်ပိုင်း နိုင်ငံတဝန်း အရပ်သား ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အပစ်ရပ်စဲရေးကြေညာချက်ကို အယုံအကြည်မရှိကြဘဲ လိုအပ်သည့် ဗုံးခိုကျင်းများကို ခိုင်ခိုင်မာမာ တူးထားရန် ပြင်ီဥးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

သတင်း

လူထုရဲ့အခုတစ်ကြိမ် ပေါက်ကွဲမှုက ခေတ်ဟောင်းရဲ့ နိဂုံး၊ခေတ်သစ်ရဲ့ နိဒါန်းဖြစ်လိမ့်မယ်လို့ ​ဖော်ပြ

သတင်း

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဇွန်လအတွင်းမှာ ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။