Connect with us

Hi, what are you looking for?

သတင်း

မိတ္ထိလာမြို့အနီး ၅ ဒသမ ၅ ငလျင်ကြောင့် ငလျင်ဘေးသင့်ဒေသများ ထိတ်လန့်

မိတ္ထိလာမြို့အနီး၌ ပြင်းအား ရစ်ချ်တာစကေး ၅ဒသမ၅အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့(ဧပြီ ၁၃ရက်) နံနက် ၈နာရီ၅၅မိနစ်က လှုပ်ခတ်သွားပြီး အဆိုပါငလျင်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပြင် ဒေသအများစု အထိတ်တလန့် ဖြစ်ခဲ့ကြသည်။

ဧပြီ ၁၃၊၂၀၂၅။ခွာညို/People’s Spring

မိတ္ထိလာမြို့အနီး၌ ပြင်းအား ရစ်ချ်တာစကေး ၅ဒသမ၅အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့(ဧပြီ ၁၃ရက်) နံနက် ၈နာရီ၅၅မိနစ်က လှုပ်ခတ်သွားပြီး အဆိုပါငလျင်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပြင် ဒေသအများစု အထိတ်တလန့် ဖြစ်ခဲ့ကြသည်။

ငလျင်သည် မိတ္ထိလာမြို့အနီးကို ဗဟိုပြု၍ မြေအနက် ၄မိုင်ခန့်၌ လှုပ်သွားခြင်းဟု အမေရိကန်ဘူမိလေ့လာရေးဌာန USGS ထုတ်ပြန်ထားသည်။

ဒီငလျင်​ကြောင့် မန္တလေးမြို့က ပြည်သူများလည်းလမ်းမပေါ်ထွက် ပြေးခဲ့ကြရပြန်သည်။

Public Service Announcement

Public Service Announcement

“ဆင်းပြေးရပြန်ပြီဗျာ။ တော်တော်ကြမ်းတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

“အိမ်ကြီးကို ရမ်းခါနေတာပဲ။အချိန်တော်တော်ကြာတယ်။စိတ်တွေညစ်လိုက်တာ”ဟုမန္တလေးမြို့ခံအမျိုးသမီးတဦးက ပြောသည်။

အဆိုပါ မြေငလျင်လှုပ်ခတ်မှုကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယ၊ ကလော၊ အောင်ပန်းမြို့နယ်တို့တွင်လည်း ခံစားလိုက်ရသည်။

မတ်လ ၂၈ရက်က ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇အဆင့်ဖြင့် စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးနောက် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ပဲခူတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ရှားနေသည်။

ထို့ကြောင့် နောက်ဆက်တွဲငလျင်အန္တရာယ်သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဘူမိဗေဒကျွမ်းကျင်သူများက သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က အဆိုပါငလျင်သည် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး၌ ရစ်ချ်တာစကေး ၅ဒသမ၉ အဆင့်လှုပ်ရှားသွားခြင်းဟုလည်း ထုတ်ပြန်ထားသည်။ မြေငလျင်တိုင်းတာစက်များနှင့် ဗဟိုချက်၏အနီးအဝေးပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်း အသိပေးထားသည်။

(ဓာတ်ပုံ – မိတ္ထိလာမြို့အနီး ၅ ဒသမ ၅ ငလျင်ဗဟိုချက်တည်နေရာအား တွေ့ရစဉ်)

သင်္ကြန်အကြိုနေ့မှာ ဝမ်းတွင်းမြို့ဗဟိုပြုငလျင် ၅.၅အထိလှုပ်ခတ်ခဲ့ပြီး

မတ်လ၂၈ရက် နေ့ကတည်း မန္တလေးမြို့မှာ ပြင်းအား၇.၇ရှိ ငလျင်တခုလှုပ်ခတ်ခဲ့ပြီး လူဦး ရေ ၃၀၀၀နီးပါးသေဆုံးကာ အဆောက်အဦးများစွာပျက်ဆီးခဲ့ပါတယ်။

အဲဒီနောက် ဆက်တိုက် ငလျင်လှုပ်ခတ်တာတွေ ဖြစ်နေပြီး မနေ့ညပိုင်းကလည်း ပြင်းအား၃.၆ ရှိငလျင်တခုလှုပ်ခတ်ခဲ့ပါတယ်။

ငလျင်လှုပ်ပြီး ဒဏ်တွေဖြစ် နေတဲ့ပြိုကျဆဲ အဆောက်အဦး တွေလည်းရှိ နေပြီး မနေ့ညနေ့ခင်းမှာ လေးထပ်တိုက်တလုံးပြိုကျကာ နှစ်ထပ်မြေကြီးထဲဝင်သွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။