Connect with us

Hi, what are you looking for?

သတင်း

မန္တ​​လေးမှာ​နောက်ဆက်တွဲငလျင်​တွေ​ကြောင့် တိုက်အချို့ထပ်ပြို

မန္တလေးမြို့မှာ နောက်ဆက်တွဲ​မြေငလျင်‌​တွေထပ်မံလှုပ်ခတ်ခဲ့ပြီး​တော့ငလျင်ဒဏ်ကြောင့် ​နေအိမ်တိုက်တာအချို့ထပ်မံပြိုကျခဲ့တယ်လို့ မြို့ခံ​တွေက​ပြောပါတယ်။

နောက်ဆက်တွဲ​မြေငလျင်​ကြောင့် ပြိုကျခဲ့တဲ့​နေအိမ်တိုက်တာအချို့ ။ဓါတ်ပုံ-​ဒေသခံများ

ဧပြီ-၁၃၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးမြို့မှာ နောက်ဆက်တွဲ​မြေငလျင်‌​တွေထပ်မံလှုပ်ခတ်ခဲ့ပြီး​တော့ငလျင်ဒဏ်ကြောင့် ​နေအိမ်တိုက်တာအချို့ထပ်မံပြိုကျခဲ့တယ်လို့ မြို့ခံ​တွေက​ပြောပါတယ်။

​ဧပြီ ၁၃ ရက်​ နံနက်ပိုင်းက မိတ္ထီလာမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ပြင်းအား ၅.၅ရှိ ငလျင်ဒဏ် ကြောင့် အောင် မြေသာစံမြို့နယ်၊၈လမ်း၊၈၈နဲ့၈၇လမ်းမကြားက တိုက်၁ လုံးပြိုကျခဲ့ပါတယ်။ အလားတူ၂၆လမ်း၊၇၆လမ်းနဲ့၇၇လမ်းကြားက တိုက်တလုံးလည်းထပ်မံပြိုကျခဲ့တယ်လို့​ဒေသခံအချို့က​ပြောတယ်။

မတ်လ၂၈ ရက်​နေ့က ​စစ်ကိုင်းငလျင်ကြီး​ကြောင့် မပြို​သေး​ပေမယ့် ယိုင်နဲ့​နေတဲ့ ၊ အက်​နေတဲ့ တိုက်အချို့ ကို တိုင်​တွေနဲ့ ​ထောက်​နေစဥ်မှာ ငလျင်ထပ်လှုပ်လို့ပြိုတာ​တွေ ရှိပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် ဧပြီ ၁၂ ရက်ညပိုင်းကလည်း၆၆လမ်း၊၁၀၃နဲ့ ၁၀၄လမ်းကြားက ၄ထပ်တိုက်တလုံးပြိုကျခဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပါတယ်။

“လူအထိခိုက်မရှိဘူး။မနေ့ညကပြိုတဲ့တိုက်က အောက်ကနှစ်ထပ် မြေကြီးထဲ ရောက်သွားတယ်”လို့ မြို့ခံတဦးကပြောပါတယ်။

မတ်လ၂၈ ရက်​နေ့က ပြင်းအား ၇.၇ရှိတဲ့ စစ်ကိုင်း ငလျင်ကြီးကြောင့်လူဦးရေ၃၀၀၀ နီးပါးသေဆုံးပြီး​တော့အဆောက်အဦးများစွာပျက်ဆီးခဲ့ပါတယ်။

နောက်ဆက်တွဲ​မြေငလျင်​တွေဆက်တိုက်လှုပ်ခတ်တာတွေ​ကြောင့် အ​ဆောက်အအုံတချို့ထပ်မံပြိုကျတာ​တွေ ရှိ​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိ​တ်မိနေလို့ ကယ်ဆယ်နေရပါတယ်။

အတွေးအမြင်

မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်​လေး အောင်မြင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။