Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အကြိုနေ့ညတွင် စစ်ကောင်စီက ဝန်းသိုမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ကျေးရွာကို စစ်ကောင်စီက ယနေ့ သင်္ကြန်အကြိုနေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ တစ်ပါးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သင်္ကြန်အကြိုနေ့ညတွင် စစ်ကောင်စီက ဝန်းသိုမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Kawlininfo

ဧပြီ ၁၃၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ကျေးရွာကို စစ်ကောင်စီက ယနေ့ သင်္ကြန်အကြိုနေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ တစ်ပါးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၁၃ရက် ည ၇နာရီခန့်တွင် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြောင်းတောင်ကျေးရွာကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာဘုန်းကြီးကျောင်း ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဂျိုးတောင်ကို သုံးချက်ဖြစ်တယ်။ အဲဒီမှာက အခြေအနေကို မသိရသေးဘူး။ ရွာမထဲ ကျတယ်လို့ ပြောတယ်။ အဲဒီက အပြန်ပစ်သွားတာ ဝန်းသိုမြို့နယ်ပဲ ကောလင်းနဲ့ အစပ် ညောင်ပင်သာအုပ်စု မြောင်းတောင်ရွာ ။အဲဒီက ဘုန်းကြီးကျောင်းကို ထိမှန်သွားတယ်။ ဆရာတော်တစ်ပါး ဒဏ်ရာရတယ်လို့ ကနဦး=သိရတယ်”ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဂျိုးတောင်ရွာဈေးအတွင်း ဗုံးတစ်လုံးကျရောက်ပေါက်ကွဲပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း Kawlininfoက အသိပေးထားသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကောလင်းခရိုင်ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ယနေ့နေ့လည် ၁၂နာရီခန့်ကလည်း ကောလင်းမြို့နယ်အရှေ့ခြမ်း ညောင်ကုန်းရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၁၁ရက်ကလည်း ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် ကချင်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် ဧပြီ ၁၀ရက်ကလည်း ကောလင်းမြို့နယ် အင်ပင်လှကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းထိမှန်ပြီး အသက် ၁၄နှစ်အရွယ် မိန်းကလေး သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့သည်။ စစ်ကောင်စီတပ်သည် ဧပြီ ၉ရက်ကလည်း ဂျိုးတောင်ကျေးရွာအုပ်စု နမ်းခမ်းရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၅ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် ဧပြီ ၇ရက်တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် ဒေသတွင်း မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ယနေ့ သင်္ကြန် အကြိုနေ့ဖြစ်သော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ မင်းတပ်မြို့တွင်လည်း ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခံရသည်ဟု ဒေသခံက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။