Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် မိုးကြီးပြီး တိုက်အချို့ပြို ၊ ငလျင်ဘေးသင့်သူများ ရေဘေးထပ်ကြုံ

စစ်ကိုင်းငလျင်ဘေးအဆိုးဆုံးခံခဲ့ရသည့် မန္တလေးမြို့တွင် ယနေ့ (ဧပြီလ ၁၅ရက်)ညနေပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးပါ ကြုံတွေ့နေကာ အ​ဆောက်အအုံအချို့ ထပ်မံပြိုကျသည်။

ဧပြီ-၁၅၊၂၀၂၅။ဧရာ/People’s Spring

စစ်ကိုင်းငလျင်ဘေးအဆိုးဆုံးခံခဲ့ရသည့် မန္တလေးမြို့တွင် ယနေ့ (ဧပြီလ ၁၅ရက်)ညနေပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးပါ ကြုံတွေ့နေကာ အ​ဆောက်အအုံအချို့ ထပ်မံပြိုကျသည်။

မိုးသည် မန္တလေးတိုင်း မြို့နယ်အများစုတွင် ဧပြီ ၁၅ ရက်​နေ့ညနေ ၃နာရီခန့်မှ စတင်၍ မိုးရွာခဲ့ပြီး မန္တလေးမြို့ပေါ်ရပ်ကွက်များရေကြီးသည်အထိ မိုးကောင်းခဲ့သည်။

မိုးရွာ‌နေစဥ်လမ်း၂၆လမ်း၊ ၈၀×၈၁ လမ်းထဲမှအထပ်သုံးထပ်ရှိ Fine Store အဆောက်အအုံ ပြိုကျခဲ့သည်။မတ်လ၂၈ရက်က ငလျင်ကြီးလှုပ်ပြီးအနည်းငယ် တိမ်းစောင်းသွား၍ လူနေထိုင်ခြင်းမရှိသောကြောင့် ‌ပြိုကျမှုတွင် ထိခိုက်သူမရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

“စဖြစ်တဲ့နေ့ထဲက လဲ Main တိုင်တွေက တော်တော်ကိုထိထားတာဆိုတော့မိုးပြင်းတော့ တန်းကို ဖိချတော့တာ”ဟု ​ဒေသခံတဦးက​ပြောသည်။

ယာယီငလျင်ဘေးရှောင်စခန်းများလည်း ရေဝင်၍ ဘေးသင့်သူများအားအရေးပေါ်ထပ်မံရွှေ့ပြောင်း​နေကြရသည်။

“နူရာဝဲဆွဲတာပဲ။ ငလျင်ဘေးကြောင့် နေစရာမရှိ။ ကယ်ဆယ်ရေးစခန်းရောက်တော့ရေမြုပ်။ ဆိုးလိုက်တဲ့ ဘဝတွေပါ” ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

မိုးရွာစဉ် လေပြင်းလည်းကျပြီး မန္တလေး-စစ်ကိုင်းလမ်းမှ သစ်ပင်အချို့လဲကျခဲ့သည်။ ညနေ ၆နာရီခွဲခန့်၌ မိုးတိတ်သွားသော်လည်း ည ၇နာရီခွဲခန့်၌ ပြန်ရွာနေသည်။ ယနေ့မိုးသည် မန္တလေးမြို့အပြင် အမရပူရ၊ကျောက်ဆည်၊ ဝမ်းတွင်းမြို့တို့တွင်လည်း ယသည်းထန်ခဲ့သည်။

ဧပြီ ၁၆ရက်တွင်လည်း မန္တလေးမြို့အတွင်း မိုးကြီးနိုင်ကြောင်း သတိပေးချက်ဆက်ရှိနေသည်။

မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ၁၄ ၊ ၁၅၊ ၁၆ရက်နေ့များ၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေ့လယ်ပိုင်းနှင့်ညနေပိုင်းအချိန်များတွင် လေပြင်းတိုက်ခတ်ခြင်း ၊မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီး လက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ ဂရုစိုက်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)ကသတိပေးထားသည်။

စစ်ကိုင်းငလျင်ကြီးကြောင့်မန္တလေးမြို့အပါအဝင်မန္တ​လေးတိုင်းအတွင်း မြို့နယ်အများအပြား အထိနာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးတို့ကို စစ်ကောင်စီကမလုပ်နိုင်ခဲ့ပေ။ ဧပြီလ ၅ရက်ကလည်း မန္တလေးမြို့ပေါ်တွင် မိုးသက်လေပြင်းကျခဲ့ပြီး ငလျင်ဘေးသင့်သူများ အခက်ကြုံခဲ့သည်။ ယခုရေဘေးအတွက် စစ်ကောင်စီ၏ အကူအညီမရကြောင်း ငလျင်ဘေးသင့်​​သောပြည်သူ များကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

Facebook