Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်တွင် ကျေးရွာများသို့ ဝင်၍ ခိုးဆိုးလုယက်နေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းရှိကျေးရွာများသို့ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများခိုးယူနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ပုသိမ်-မုံရွာလမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်ခဲ့စဥ်။ ဓာတ်ပုံ-မင်းလှ ပကဖ

ဧပြီ ၁၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းရှိကျေးရွာများသို့ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများခိုးယူနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဧပြီ ၁၄ ရက် သင်္ကြန်ကာလအတွင်း ပုသိမ်-မုံရွာလမ်း ဘေးဝဲရာရှိကျေးရွာများသို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာသော စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(အထက်မင်းလှ)နှင့်အတူ အရှိုချင်းကာကွယ်ရေးတပ် ACDF၊ ပြည်သူ့လွတ် လပ်ရေးတပ်တော် PIA စသည့်မဟာ မိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ဟန့်တားတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“လက်ရှိသိရတာက တပ်မ ၉၉ ကဦးဆောင်ပြီး ကပစ-၂၊ ကပစ-၁၀၊ ကပစ-၁၂၊ ကပ စ-၁၃၊ နယ်မြေခံရဲစခန်းတွေက အင်အားတွေပါ ပါတယ်ခင်ဗျ။ စစ်ကြောင်းက ၃ ကြောင်း အင်အား၂၀၀ ခန့်ရှိမှာပါ။ ကျနော် တို့နဲ့ ထိတွေ့တဲ့စစ်ကြောင်းက အင်အား ၈၀ ပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(အထက်မင်းလှ)မှ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်စစ်ကြောင်းများအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အင်အား ၈၀ ပါစစ်ကောင်စီစစ် ကြောင်းတစ်ခုကို ကြားဖြတ်ဟန့်တားတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၍ ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရသွားပြီး စစ်ကောင်စီတပ်ကို အင်အားဖြည့်ပေးသော ရှမ်းတပ်ကြီးရဲစခန်းအားလည်း တပြိုင်နက်သတိ ပေးတိုက်ခိုက်ခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါစစ်ကြောင်းများသည် ပုသိမ်-မုံရွာလမ်းဘေးဝဲယာရှိ ကုန်ပေတော၊ မင်းတပ်၊ ရှမ်းတပ်ကြီး၊ အောက်ကိုင်း၊ ချင်းကုန်း၊ စျေးကြီး စသည့်ကျေးရွာများသို့ဝင်၍ ပြည်သူပိုင်နေ အိမ်အဆောက်အအုံများကိုဖောက်ထွင်းကာ လက်ဝတ်ရတနာနှင့် ငွေသားအပါအဝင် တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(အထက်မင်းလှ)မှ တာဝန်ရှိသူက ဆိုသည်။

“ရွှေတွေဆို ၅ ကျပ်သား၊ ၁၀ သားအထိ ပါကြတယ်။ ငွေသားဆို ရာချီရှိတယ် ပါသွားတာ” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များ မင်းလှမြို့ နယ်တွင်း စတင်စစ်ကြောင်းထိုးဝင်ရောက်သည့် ဧပြီ ၁၂ ရက်မှ ယနေ့ ဧပြီ ၁၇ ရက်အထိ ပြည်သူ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကြေးသိန်းဆယ်ချီဖြင့် ပြန်လည်ရွေးယူစေခြင်းများရှိနေကြောင်း စုံစမ်းသိရသည်။

“ဒီရက်ပိုင်းတွေအတွင်းမှာကို ၁၅(ဦး)ဝန်ကျင်လောက် ရှိမယ်။ လမ်းတွေ့တဲ့လူငယ်တွေ အဖမ်းခံရတာ များတယ်။ တချို့က စစ်ကြောင်းကိုရှောင်နေရင်းနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းခံရတာ။ တစ်ယောက်ကို သိန်း ၈၀ ကနေ သိန်း ၁၀၀ အထိတောင်းတယ်။ ပြန်မရွေးနိုင်ရင် စစ်မှုထမ်းပို့တယ်”ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်းသည် ဟန့်တားတိုက်ခိုက်ခံရမှုအပါ အဝင် ပြည်သူ့ပိုင်ပစ္စည်းများခိုးယူကာ သက် ဆိုင်ရာတပ်များသို့ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။