Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်၊ စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ လေကြောင်း ထပ်မံတိုက်ခိုက်၍ ပြည်သူ ၁၀ဦး ထိခိုက်ဟု ပြင်ဦးလွင်ခရိုင် ပကဖပြော

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များကို အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်ကာလနှင့် ယနေ့ ဧပြီ ၁၇ရက် နှစ်ဆန်းတစ်ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ လူထုထိခိုက်မှုများ ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

သင်္ကြန်ကာလအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်ရှိ၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ၊ ဓာတ်ပုံ - CJ

ဧပြီ ၁၇၊၂၀၂၅။ဟန်နွေ၊မေ/People’s Spring

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များကို အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်ကာလနှင့် ယနေ့ ဧပြီ ၁၇ရက် နှစ်ဆန်းတစ်ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ လူထုထိခိုက်မှုများ ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဧပြီ ၁၇ရက်) နံနက်တွင် မိုးကုတ်မြို့အရှေ့ပိုင်း ကဇုတ်ရွာဘက်ခြမ်းနှင့် မြို့အနောက်ဘက်ခြမ်း သစ်စိမ့်ကုန်းရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး ထိခိုက်ခဲ့ဟု ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၁၆ရက် နံနက်ကလည်း သပိတ်ကျင်းမြို့နယ် ၊ လိပ်ကျကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ လူထိခိုက်မရှိသော်လည်း အဆောက်အဦး ပျက်စီးမှုရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဧပြီ ၁၆ရက် နေ့လည်တွင် စဥ့်ကူးမြို့နယ် တရော်ပင်ရွာမြောက်ဘက် နားဂါးမောက်တောင် မုဒ်ပေါက်အနီး လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု ပြောသည်။

“နေ့ကြီး ရက်မြတ်တွေမရှောင် စကစ လေယာဉ်ကြဲတယ်ဆိုတော့ စကစ ရဲ့ ယုတ်မာမှုတွေ သိသင့်ပြီပေါ့။ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ အခိုင်အမာ လုပ်ပြီး ဂရုစိုက်ကြဖို့ မှာချင်တယ်”ဟု ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒေသခံတစ်ဦးကလည်း “မနေ့က ဝက်လက်မြို့နယ်၊သစ်ဆိမ့်ရွာကို တိုက်တဲ့အချိန်နဲ့မကွာဘူး။တပြိုင်ထဲလိုလို ၂နေရာလုံးကို လေယာဉ်နဲ့လာကြဲသွားတာ”ဟု ပြောသည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ယာယီအပစ်ရပ်မည်ဟုကြေညာထားသော်လည်း ငလျင်ဘေးသင့် ဒေသများဖြစ်ပြီး ငလျင်ကြောင့် လူသေဆုံးထိခိုက်ရှိခဲ့သည့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်း အပါအဝင် ပြင်ဦးလွင်ခရိုင်ရှိ မြို့ရွာများကို မတ်လ ၃၀ရက်မှ ဧပြီ လလယ်အထိ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၁၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်သည် စက်ဆုတ်ဖွယ်ဖြစ်ပြီး အပြောနှင့် အလုပ်မညီ ဟန်ပြ လုပ်ရပ်သားဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု များ နိုင်ငံတဝန်း နေ့စဉ် ပြုလုပ်နေမှုအပေါ် မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook