Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းမြို့နယ် စစ်ကောင်စီတပ်ရင်းများမှ တပ်သားသစ်သုံးဦး PDFထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ(၁၃)နှင့် ခလရ(၄၃၂)တပ်ရင်းတို့မှ တပ်သားသစ်သုံးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကော့သောင်းခရိုင် တပ်ရင်း (၁)မှရဲဘော်များနှင့် အလင်းဝင်စစ်ကောင်စီတပ်သားသုံးဦးကို တွေ့ရစဥ်။ဓာတ်ပုံ - ကော့သောင်းခရိုင် တပ်ရင်း ၁

ဧပြီ၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ(၁၃)နှင့် ခလရ(၄၃၂)တပ်ရင်းတို့မှ တပ်သားသစ်သုံးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုတ်ပြင်းမြို့အခြေစိုက် စကခ(၁၃)မှ တပ်သားရဲဝင်းအောင်(၃၁)နှစ်နှင့် တပ်သားသူရစိုး (၂၄)နှစ်တို့နှစ်ဦးသည် အဆိုပါတပ်ရင်း၌ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ဆိုကာ PDF ပူးပေါင်းစစ်ကြောင်း၏ စစ်ဆေးရေးဂိတ်သို့ လက်နက်မဲ့ ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာခြင်းဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

၎င်းတပ်သားသစ်နှစ်ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ် (၉)ကို ရန်ကုန်တိုင်း၊ ဂျိုးဖြူလေးသင်တန်းကျောင်း၌ စစ်သင်တန်း ၃လတက်ရောက်၍ ဘုတ်ပြင်းအခြေစိုက် စကခ (၁၃)သို့ တာဝန်ချစေလွှတ်ခြင်းခံခဲ့ရကြောင်း ကော့သောင်းခရိုင် အမှတ် (၁)တပ်ရင်းထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဧပြီ ၂၀ ရက်နေ့တွင် ​​ပြည်သူ့ကာ ကွယ်ရေးတပ်မတော် PDF ကော့သောင်းခရိုင် အမှတ် (၁)တပ်ရင်းပါဝင်သော ပူးပေါင်းစစ် ကြောင်း စစ်ဆေးရေးဂိတ်သို့ လာရောက်ကာ လက်နက်မဲ့ အလင်းဝင်လာခြင်းဟု အမှတ် (၁)တပ်ရင်းက အသိပေးသည်။

အလားတူ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၄၃၂)တပ်ရင်းမှ တပ်သားစည်သူကျော် (၂၈)နှစ်သည်လည်း ပြည်သူ့ရင်ခွင့်မှတဆင့် ချိတ်ဆက်ကာ ကော့သောင်းခရိုင် တပ်ရင်း(၁)ပါဝင်သော ပူး ပေါင်းစစ်ကြောင်းသို့ ဧပြီ ၂၀ ရက်ကပင် အလင်းဝင်လာခြင်း ဖြစ်သည်။

စည်သူကျော်သည် စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရရာမှ စစ်မှုထမ်းအပတ်စဥ်(၉)ကို ဗထူးသင်တန်းကျောင်း၌ ၃လတက်ရောက်ခဲ့ရပြီး သင်တန်းဆင်းချိန်တွင် တနသ်ာရီမြို့နယ် ခမရ(၅၅၈)တပ်ရင်းသို့ ပို့ဆောင်ခံရပြီး ယင်းမှတဆင့် ဘုတ်ပြင်းနယ် ခလရ(၄၃၂)တပ်ရင်းသို့ ထပ်မံပို့ဆောင်ခံရသူဖြစ်သည်ဟု ကော့သောင်းခရိုင် တပ်ရင်း(၁)က အသိပေးသည်။

“လုံခြုံတဲ့နေရာမှာ ထိန်းသိမ်း စောင့်ကြည့်ထားတုန်းပါခင်ဗျာ။ ခုလက်ရှိအချိန်ထိတော့ သူတို့ ဖက်က တောင်ဆိုမှုမရှိသေးဘူးခင်ဗျား”ဟု အ လင်းဝင်စစ်ကောင်စီတပ်သားသုံးဦးနှင့်စပ်လျဥ်းပြီး ကော့သောင်းခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိအခြေအနေတွင် ဧပြီ ၂၀ရက်က အလင်ဝင်ရောင်လာသော စစ်ကောင်စီတပ်သားသုံးဦးအပါအဝင် ယခုနှစ်အတွင်း ကော့သောင်းခရိုင် တပ်ရင်း(၁)ပါဝင်သော PDF ပူးပေါင်းစစ်ကြောင်းထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ခြောက်ဦးရှိပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။