Connect with us

Hi, what are you looking for?

သတင်း

စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများဆိုင်ရာ တည်မြဲအမိန့် PDF စစ်ဦးစီးချုပ်အတည်ပြုထုတ်ပြန်

စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများတွင် ပြစ်ဒဏ်ကျခံနေရသူများ ရသင့်ရထိုက်သောအခွင့်အရေးများခံစားနိုင်ရန်နှင့် ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းမှု ရှိ၊မရှိ စိစစ်ရန် PDF တပ်မတော် စစ်ဦးစီးချုပ်က ထုတ်ပြန်သည်။

ဖမ်းမိရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန

ဧပြီ ၂၆၊ ၂၀၂၅။ ရဲခေါင်/People’s Spring

စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများတွင် ပြစ်ဒဏ်ကျခံနေရသူများ ရသင့်ရထိုက်သောအခွင့်အရေးများခံစားနိုင်ရန်နှင့် ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းမှု ရှိ၊မရှိ စိစစ်ရန် PDF တပ်မတော် စစ်ဦးစီးချုပ်က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏စီမံခန့်ခွဲမှုအားသက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းမူဘောင်များနှင့်အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က အတည်ပြုခဲ့သည်ဟု ဆိုသည်။

အဆိုပါအမိန့်တွင် စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများတွင်ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများနှင့်ပတ်သတ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေး ပါဝင်သည်။

Public Service Announcement

Public Service Announcement

“ဒါကတော့ ထူးထူးထွေထွေ ရယ်ဆိုတာထက် ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုလုံးအနေနဲ့ ပြည်ထောင်စုတစ်ခုလုံးကို ခြုံပြီးထုတ်ပြန်တာမျိုးလို့ ပြောရမယ်။ အခုအမိန့်စာမတိုင်ခင် အရင် ကတည်းက မြေပြင်မှာ ကျွန်တော်တို့သည် လူ့အခွင့်အရေးနဲ့အညီ လုပ်ဆောင်နေပါတယ်”ဟု ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့အတူ အမှုများ စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် စစ်ဥပဒေရုံးက စစ်ဆေးကြည့်ရှုဆောင်ရွက်ရန် ညွှန်ကြားသည်ကို တွေ့ရသည်။

“မြေပြင်မှာ အချုပ်သားတချို့နစ်နာနေမှုတွေကို စောင့်ကြည့်ပေးဖို့ စစ်ဥပဒေရုံးကို အလုပ်ပေးတာလဲပါမယ်။ လိုအပ်တာထက်ပိုပီး နစ်နာနေတဲ့တရားခံတွေတွေ့မြင်နေရတာကြာပြီ။ ခုလိုထုတ်ပြန်တာက အကောင်းဘက်ကို ဦးတည်တာတော့သေချာပါတယ်”ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဦးစီးချုပ်၏ အမိန့်အပေါ် မှတ်ချက်ပြုသည်။

အကျဥ်းသား၊ အချုပ်သား ဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် နေထိုင် စားသောက်မှု စသည့် အကျဥ်းသား၊ အချုပ်သား အခွင့်အရေးများ ရရှိခြင်း ရှိ၊မရှိ စစ်ဆေးရန်လည်း PDF စစ်ဦးစီးချုပ်၏ အမိန့်၌ ဖော်ပြထားသည်။

“စစ်သုံ့ပန်းတွေကို ဖမ်းထားတဲ့ ထောင်တွေ၊ သီး ခြားအချုပ်တွေရှိတယ်ပေါ့။ အဲဒါတွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုပြီး PDF စစ်ဦးစီးချုပ်က အမိန့်ထုတ်ပြန်တာပေါ့။ အရင်တုန်းကတော့ အဲဒီလိုသတ်သတ်မှတ်မှတ်မရှိခဲ့ဘူး”ဟု တနင်္သာရီတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

အမှုများ စုံစမ်းစစ်ဆေးရာတွင် ကြန့်ကြာမှု ရှိ၊ မရှိ၊ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းချုပ်နှောင်ထားခြင်း ရှိ၊ မရှိ တို့ကို စိစစ်ဆောင်ရွက်ရန်လည်း ညွှန်ကြားချက်တွင် PDF စစ်ဦးစီးချုပ်က ထည့်သွင်းအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မေလ ၃၁ရက်က မကွေးမြို့အမှတ် (၂) ရဲစခန်းတွင် စခန်းမှူး ရန်ပြုသည့် စစ်ကောင်စီ၏ လေတပ်မှ တပ်သားတစ်ဦးကို ရဲများက ဝိုင်းဝန်းထိုးကြိတ်သည့် ရုပ်သံ ထွက်ပေါ်လာ၍ ရဲများကိုဖမ်း၊ ဖုန်းများကို သိမ်းပြီး စစ်ဆေးနေကြောင်း MPCCက ဆိုသည်။

News

အဆုံးစီရင်သွားတဲ့မြန်မာအမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းက ထိုင်းနိုင်ငံထဲတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းခံရချိန်မှာ မူးယစ်ဆေးဝါးကိုလည်းလက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။