Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ရှိ စစ်ကောင်စီခြေကုတ်စခန်း ၅ခုကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် အများအပြား သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

ဓာတ်ပုံ - KNU

မေ ၂ ၊၂၀၂၅။ဟန်နွေ၊နိုင်ပကောင်း/People’s Spring

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ညောင်လေးပင်ခရိုင် ၊ မူး(မုန်း)မြို့နယ်အတွင်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းမှာ တိုက်ခိုက်ရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

မုန်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်ရဲ့ ခလရ (၆၀) ၊ ခလရ (၇၃) တို့ ခြေကုပ်ယူထားတဲ့ နောက်ကုန်း ၊ ရင်းတိုက်ကုန်း ၊ ရန်မျိုးအောင် ၊ ရွာကြီးအင်းကျွန်းကုန်း ( နိုကလော် )၊တောင်စုကျေးရွာ တွေကို ဧပြီလ ၂၈ ရက် မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်မှာ တိုက်ခိုက်တာလို့ KNU က ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှုး ၊ အရာဗိုလ် တို့ အကျအဆုံးရှိပြီး ထိခိုက်ဒဏ်ရာရသူလည်းများသလို လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိတယ်လို့ KNU က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာတွေ အပါအဝင် နောင်ကုန်းတံတားမှာ ‌‌‌‌‌‌‌‌‌‌‌အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်က တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တွေက ဧပြီလ ၂၈ရက်မှာ တစ်ပြိုင်နက် တိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရပြီးနောက် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မုန်းမြို့နယ်ထဲက တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမရှိပါဘူး။

KNU က ဖော်ပြလာတဲ့ ဓာတ်ပုံတွေအရ စိန်ပြောင်းတွေ ၊ လက်နက်ကြီးကျည်တွေ ၊ စစ်တပ်သုံး MA စီးရီး သေနတ်အချို့နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာလည်း မုန်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းခိုက် ခဲ့ဖူးပါတယ်။

အဲဒီအချိန်က မုန်းမြို့ပေါ်က ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ-၅၉၉ ၊ ခမရ-၅၉၀၊ မြို့မရဲစခန်း နဲ့ တံတားဂိတ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ KNU ကထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက မုန်းမြို့ပေါ်ရှိ တပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် ဝေဟင်ပစ်အားနဲ့ မြေပြင်က တပ်ကူတွေစေလွှတ်ပြီး လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူခဲ့တယ်လို့ စစ်ကောင်စီဘက်ကလည်း တန်ပြန်သတင်းထုတ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။