Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ် လေကြောင်းတိုက်ခံရမှု​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့ကျဆုံး

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊​ဇောင်ဂျမ်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦးကျဆုံး ပြီး ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

စစ်​ကောင်စီ၏ ​လေ​ကြောင်းတိုက်ခိုက်ပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ဒေသခံတဦး

မေ-၇၊၂၀၂၅။ရှိန်း/ People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊​ဇောင်ဂျမ်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦးကျဆုံး ပြီး ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

မေလ ၅ရက်နေ့၊ ည ၇ နာရီ ၅၀ မိနစ်မှာ တစ်ကြိမ် ၊ည ၈ နာရီ ၃ မိနစ်မှာတစ်ကြိမ် စစ်ကောင်စီက လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာလို့​​ဒေသခံအချို့က​ပြောပါတယ်။​​လေ​ကြောင်းက​နေတိုက်ခိုက်ခဲ့တဲ့​တိုက်လေယာဥ်ဟာ Su 30 ဖြစ်ပြီး ​ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသွားတာလို့ ​ဒေသခံတစ်ဦးက​ပြောပါတယ် ။

People’s Spring အ​နေနဲ့ တိုက်​လေယာဥ်အမျိုးအစားနဲ့ ဗုံးအမျိုးအစားကို​တော့သီးခြားအတည်မပြုနိုင်​ပါဘူး။ ဗုံးကြဲခံရတဲ့​နေရာဟာ တွင်းနက်ကြီးအဖြစ်ကျန်ခဲ့တာကိုာသတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ် ။

Public Service Announcement

Public Service Announcement

လေ​ကြောင်းတိုက်ခိုက်ခံရတဲ့​ဇောင်ဂျမ်းကုန်းရွာဟာ မြိုင်နဲ့ ပခုက္ကုမြိုနယ်အစပ်မှာရှိတာလို့သိရပါတယ်။

“စာသင် ကျောင်းပေါ်ကိုကြဲချသွားတာပါ။တခုခုသတင်းပေါက်လို့ထင်တယ်။လက်ရှိ ၅ယောက်ကျဆုံးပြီး ဒဏ်ရာ ရသူတွေ ရှိတယ်လို့သိထားရပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ထပ်မံရရှိတဲ့ သတင်းအရ သေဆုံးသူ ၇ ဦးရှိပြီး၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့​ ​ဒေသခံသတင်းရင်းမြစ် ၂ ဦးကပြောပါတယ် ။​သေဆုံးသူ​တွေရဲ့ အချက်အလက်အ​သေးစိပ်ကို​တော့မသိရ​သေးပါဘူး။

မေလ၁ ရက်​နေ့မှာပခုက္ကူမြို့ရှိအမှတ် (၁၀၁)တပ်မဌာနချုပ်(တမခ-၁၀၁ )ကနေ မြိုင်မြို့နယ်ကိုထွက်လာတဲ့ အင်အား ၁၈၀ ​ကျော်ပါစစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက ​မေလ ၂ ရက်နဲ့ ၃ ရက်​နေ့​တွေမှာ ဖြတ်​တောက်တိုက်ခိုက်ခဲ့တာမှာစစ်တပ် အထိနာခဲ့ပါတယ် ။ အဲဒီစစ်​ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု​တွေဆက်တိုက် ပြုလုပ် နေတာလို့သိရပါတယ်။ အဲဒီစစ်​ကြောင်းကရွာ​တွေကိုလှည့်လည်စစ်​ကြောင်းထိုးဖျက်ဆီး​နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒါအပြင် ​မေလ ၆ ရက်​နေ့မှာပခုက္ကူမြို့နယ် ၊ကန်တော်ရွာက​နေ စစ်သားနဲ့ ပျူ​စောထီးအင်အား ၁၇၀ခန့်ပါစစ်​ကြောင်း ၁ ​ကြောင်း ကလည်းစစ်ကူအ​ဖြစ် ထွက်လာပြီးမြိုင်နယ် ဒဟတ်ချောက် ရွာဘက်ကိုဦးတည်နေတယ်လို့စုံစမ်းသိရပါတယ် ။အဲဒီစစ်​ကြောင်းဟာ ပထမစစ်​ကြောင်း အထိနာ​နေလို့ ​နောက်ကလိုက်ထွက်လာတာလို့ ​ဒေသခံအချို့က​ပြောပါတယ် ။

​မေလ ၁ ရက်နေ့က ထွက်လာတဲ့ စစ်ကြောင်းက လေးတန်း သစ်ကြီးတော ပေါက်ပင်ကိုင်း ရွာတွေမှာပဲရှိနေပါတယ် ။အလားတူ မေ ၆ ရက်နေ့ကပခုက္ကူမြို့နယ် ၊ကန်တော်ရွာမှထွက်တဲ့ စစ်ကြောင်းက မြိုင်နယ် ဒဟတ်ချောက် ရွာဘက်ကိုဦးတည်နေပါတယ်

တမခ(၁၀၁)ကထွက်လာတဲ့စစ်​ကြောင်းဟာမေလ ၆ ရက်​နေ့မှာ မြိုင်မြို့နယ်ကလေးတန်းရွာဘုန်းတော်ကြီးကျောင်းကို မီးရှို့သွားတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒါအပြင် ​မေလ ၄ ရက်ညပိုင်းမှာလည်းစစ်ကောင်စီကမြိုင်မြို့နယ်အတွင်းကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့​သေးတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

●မှတ်ချက် -သတင်းကို ​ထပ်မံပြင်ဆင်ဖြည့်စွက်ထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။