Connect with us

Hi, what are you looking for?

သတင်း

ထီးခီးတိုက်ပွဲ ထိုင်းဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်ရှိဟု KNU တာဝန်ရှိသူပြော

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၅၀ကျော်ရှိကြောင်း KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးခီးတိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ − CJ

မေ ၇၊၂၀၂၅။ထားမြတ်/People’s Spring

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၅၀ကျော်ရှိကြောင်း KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဧပြီ ၁၉ရက်တွင် ထီးခီးစခန်းနှင့် မိုင်အနည်းငယ်သာဝေးသော ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထီးခီးဒေသကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ယနေ့(မေ ၇ရက်)အထိ တိုက်ပွဲများဆက်ရှိနေကြောင်း ကရင်သတင်းရင်းမြစ်အချို့က ပြောသည်။

မေလဆန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲများသည် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြောင်း သတင်းများထွက်ပေါ်လျက်ရှိရာ ယင်းနှင့်ပတ်သက်၍ ပဒိုစောအယ်နားက အတည်ပြုပြီး ၅၀ ဦးကျော်ရှိကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသတင်း အခြေအနေများကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် နီးစပ်မှုရှိသည့် ကရင်သတင်းရင်းမြစ်ကမူ ထိုင်းဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၆၀ ကျော်ရှိပြီဟု ယနေ့(မေလ ၇ရက်) ညပိုင်း၌ ပြောသည်။

“ပြောတာကတော့ ထွက်ပြေးတော့ ထွက်ပြေးနေတယ်။ ဒါပေမဲ့ ရန်သူကတော့ သူ့စခန်းထဲမှာတော့ ၈၀ လောက်ကျန်သေးတယ်”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်သည် တပ်မဟာ(၄)၊ တပ်မဟာ(၇)နယ်မြေများအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။