Connect with us

Hi, what are you looking for?

သတင်း

ထီးခီးတိုက်ပွဲ ထိုင်းဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်ရှိဟု KNU တာဝန်ရှိသူပြော

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၅၀ကျော်ရှိကြောင်း KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးခီးတိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ − CJ

မေ ၇၊၂၀၂၅။ထားမြတ်/People’s Spring

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၅၀ကျော်ရှိကြောင်း KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဧပြီ ၁၉ရက်တွင် ထီးခီးစခန်းနှင့် မိုင်အနည်းငယ်သာဝေးသော ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထီးခီးဒေသကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ယနေ့(မေ ၇ရက်)အထိ တိုက်ပွဲများဆက်ရှိနေကြောင်း ကရင်သတင်းရင်းမြစ်အချို့က ပြောသည်။

မေလဆန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲများသည် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြောင်း သတင်းများထွက်ပေါ်လျက်ရှိရာ ယင်းနှင့်ပတ်သက်၍ ပဒိုစောအယ်နားက အတည်ပြုပြီး ၅၀ ဦးကျော်ရှိကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသတင်း အခြေအနေများကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် နီးစပ်မှုရှိသည့် ကရင်သတင်းရင်းမြစ်ကမူ ထိုင်းဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၆၀ ကျော်ရှိပြီဟု ယနေ့(မေလ ၇ရက်) ညပိုင်း၌ ပြောသည်။

“ပြောတာကတော့ ထွက်ပြေးတော့ ထွက်ပြေးနေတယ်။ ဒါပေမဲ့ ရန်သူကတော့ သူ့စခန်းထဲမှာတော့ ၈၀ လောက်ကျန်သေးတယ်”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်သည် တပ်မဟာ(၄)၊ တပ်မဟာ(၇)နယ်မြေများအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ ပစ်ကပ်ကားနဲ့ မော်တော်ဆိုင်ကယ် တိုက်မိရာက မြန်မာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန Thaigerက ဖော်ပြခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်​မောင်း​နေရာမှစစ်သားသစ်အဖြစ်စု​ဆောင်းခံရ​သောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း ရှိပြည်သူလူထုများ၏ လုံခြုံရေးအတွက် နယ်မြေရှိ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

Facebook